Jonas Brothers အဖွဲ့ဝင် အဆိုတော်တစ်ဦး စေ့စပ်

alt

ကမာ္ဘကျော် လူငယ်အမျိုးသား အဆိုတော် အဖွဲ့ Jonas Brothers မှ ကီဗင်ဂျိုနက် သည် ဇူလိုင်လ (၁) ရက်နေ့က စေ့စပ်ကြောင်းလမ်း လိုက်ပြီ ဖြစ်သည်။

ကီဗင်သည် ၎င်း၏ချစ်သူ ဒင်နယ်လီ ဒယ်လီဆာ အား နေအိမ်သို့ ပြန်ပို့ရင်း တံခါးရှေ့တွင် ဒူးထောက်ပြီး လက်ထပ်ရန် ကမ်းလှမ်းခဲ့ရာ ဒယ်လီဆာ ကလည်း လက်ခံခဲ့ကြောင်း သိရသည်။ ကီဗင်က ဒယ်လီယာသည် ၀မ်းသာ လွန်းသဖြင့် လက်ခံကြောင်း အကြိမ်(၅၀၀)မျှ ပြောခဲ့ပြ သည်ဟု ပြန်လည် ပြောပြခဲ့သည်။

၎င်းတို့နှစ်ဦး စေ့စပ်ပြီး သော်လည်း လက်ထပ်မည့် နေ့ကို တိတိကျကျ မသတ်မှတ် ရသေးကြောင်း ကီဗင် က ဆိုသည်။ ဒယ်လီဆာသည် ၎င်းအတွက် ကမာ္ဘပေါ်တွင် အလိုအပ်ဆုံး မိန်းကလေး ဖြစ်သည်ဟု ကီဗင်က ပြောကြားခဲ့သည်။ ကီဗင်၏ မိဘနှစ်ပါးကလည်း ထိုစေ့စပ်မှုအတွက် ပျော်ရွှင် ကျေနပ်နေကြောင်း သိရသည်။

ကီဗင်၏ ဖခင်ဖြစ်သူ ကီဗင်စီနီယာက ၎င်းတို့အားလုံး ထိုသတင်းကို ကြားသည့်အခါ ပြောမပြတတ်အောင် ၀မ်းသာမိကြကြောင်း ပြောဆိုခဲ့သည်။ ကီဗင်၏ စေ့စပ်မှု သတင်းအတွက် ညီနှစ်ဦးဖြစ်သည့် နစ်နှင့် ဂျိုးတို့က ၎င်းတို့၏ Twitter Account များမှတဆင့် ဂုဏ်ယူကြောင်း ရေးသားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here