ထရက်ဇီဂေး နှင့် အမောရီ တို့အား ရောင်းမည့် သတင်း ဂျူဗင်းတပ် ငြင်းဆန်

alt

ဒေးဗစ် ထရက်ဇီဂေး နှင့် အမော်ရီ တို့အား အေစီမီလန် သို့ ရောင်းချရန် ပြင်ဆင် နေသည် ဆိုသော သတင်းများကို ဂျူဗင်းတပ် အသင်း က ငြင်းဆန် လိုက်သည်။

အသင်း ၏ ဒါရိုက်တာဖြစ်သူ ရန်ဇို ကက်စတက် နင်နီ က ၎င်းတို့၏ အားထားရသော တိုက်စစ်မှူး များကို ပြိုင်ဘက် သို့ လက်လွှဲရန် လုံးဝ အစီအစဉ် မရှိကြောင်း အတည်ပြု ပြောဆို လိုက်သည်။ ရီကာဒို ကာကာအား ရောင်းချ လိုက်ပြီးနောက် တိုက်စစ် အားဖြည့်ရန် ပြင်ဆင်နေသည့် အေစီမီလန်သည် ဂျူဗင်းတပ်မှ တိုက်စစ်မှူးများကို ၀ယ်ယူ ဖွယ်ရှိကြောင်း သတင်းများနှင့် ပတ်သက်ပြီး ကက်စတက် နင်နီက ယခုလို တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကြားနေသော သတင်းများအားလုံး အရူး စကားများသာ ဖြစ်ကြောင်း ဒါရိုက်တာကြီးက ဆိုသည်။ ၎င်းတို့ အနေနှင့် အီတလီတွင်ရော၊ ဥရောပတွင်ပါ အောင်မြင်မှုများ ရရှိရန် ကြိုးပမ်း နေချိန်တွင် ယခုလို မိုက်မဲသော ကိစ္စမျိုး လုံးဝ စဉ်းစားမထားကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

အခြားသော သတင်းများအရ ဂျူဗင်းတပ် အသင်းသည် ၎င်းတို့ထံမှ လာဇီယိုသို့ ပြောင်းရွှေ့ရန် စဉ်းစားနေသည့် ချက် လက်ရွေးစင်ဟောင်း ပေဗယ်နက်ဗက် အား အသင်းတွက် ဆက်လက် နေထိုင်ရန် ဖျောင်းဖျ လျှက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် ၀ါဒါ ဘရီမင် မှ ဒီယေဂိုကို အပြီးသတ် စာချုပ်ပြီးနောက် လီဗာပူးမှ ဇာဘီ အလွန်ဆို ကို ခေါ်ယူတော့မည် မဟုတ်ကြောင်းလည်း ဂျုဗင်းတပ် က ကြေညာလိုက်ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here