အယ်နီးညို အပူလှိုင်းဖြတ်မှု နှင့် ဟာရီကိန်း မုန်တိုင်းများ ဆက်စပ်

alt

အယ်နီးညိုခေါ် အပူလှိုင်း ဖြတ်မှုသည် ဟာရီကိန်း မုန်တိုင်းများ ဖြစ်ပေါ်ခြင်းနှင့် ဆက်စပ်နေကြောင်း သိပ္ပံပညာရှင် များက ပြောကြားလိုက် ကြသည်။

ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်းတွင် (၄) (၅)နှစ် ကြာတိုင်း တစ်ကြိမ် ဖြစ်ပေါ်တတ်သည့် အယ်နီးညိုသည် ဟာရီကိန်းများ လှုပ်ရှား ဖြစ်ပေါ်မှုကို လျော့နည်း သွားစေကြောင်း သိရှိရသည်။ အမေရိကန်ရှိ ဂျော်ဂျီယာ နည်းပညာဌာနမှ ပညာရှင်များက လေ့လာခဲ့ရာတွင် အပူလှိုင်းဖြတ်သည့် နေရာဌာနကို လိုက်၍ ကမာ္ဘ့ ရာသီဥတု အခြေအနေမှာလည်း ပြောင်းလဲတတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းတွင် အပူချိန် မြင့်တက်လာပါက အယ်နီးညို ဖြစ်ပေါ်ရန် ပိုမို နီးစပ်လေ့ရှိပြီး ဟာရီကိန်း ရာသီ၏ ပုံမှန် ဖြစ်စဉ်များအပေါ် ကြီးမားစွာ သက်ရောက် တတ်ကြောင်း သုတေသီများ ပြောကြားခဲ့သည်။

အပူလှိုင်းဖြတ်မည့် နှစ်တနှစ်၏ အစောပိုင်းတွင် ပစိဖိတ် သမုဒ္ဒရာ၏ မျက်နှာပြင် အပူချိန် မြင့်တက်လာတတ်ပြီး လေဖိအားနည်း ရပ်ဝန်းများ ဖြစ်ပေါ် လာနိုင်ချေကို တားဆီးလိုက်ကြောင်း လေ့လာမှုများက ဖော်ပြနေသည်။ ထိုဖြစ်ရပ်၏ နောက်ဆက်တွဲ ရလဒ်အဖြစ် အရှိန်အဟုန် ပြင်းထန်စွာ ရွေ့လျား တိုက်ခတ်နေသည့် ဟာရီကိန်း မုန်တိုင်းများ၏ လှုပ်ရှားမှုကို ရပ်တန့် သွားစေတတ်ကြောင်း သိရှိရသည်။

မက်ဆာချူးဆက် တက္ကသိုလ်မှ ဇလဗေဒဆိုင်ရာ ပညာရှင်တစ်ဦး ဖြစ်သည့် ကယ်ရီ အီမန်နျူရယ် က ယခု တွေ့ရှိမှုသည် ဟာရီကိန်း အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ အတွက် အထူး အရေးပါကြောင်း အထောက်အကူပြု လာနိုင်ကြောင်း သုံးသပ် ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here