ခရိုအေးရှား ဝန်ကြီးချုပ် ၏ နှုတ်ထွက်စာ ပါလီမန်မှ လက်ခံလိုက်

alt

ခရိုအေးရှား နိုင်ငံ၏ ၀န်ကြီးချုပ်သည် အကြောင်းအရာ ဖော်ပြထားခြင်း မရှိသော ၎င်း၏ နှုတ်ထွက်စာကို ပါလီမန်က လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လ (၂)ရက် နေ့က ၀န်ကြီးချုပ် အိုင်ဗိုဆာနာဒါ သည် ၎င်း၏ ရာထူးကို စွန့်လွှတ်ကြောင်း နှုတ်ထွက်စာ တင်သွင်းမှုကို လက်ခံ လိုက်ပြီဟု ပါလီမန်က ကြေညာသည်။ ဆာနာဒါ သည် ၀န်ကြီးချုပ် သက်တမ်း (၁၉)လ အကြာတွင် နှုတ်ထွက်ခဲ့သည့် အတွက် အသေးစိတ် အကြောင်းရင်းကို လုံးဝ ပြောကြားခဲ့ခြင်း မရှိပေ။

သို့သော်လည်း ဥရောပ ယူနီယံ နှင့် ချိတ်ဆက်ရေး အဆင်မပြေမှု၊ စီးပွားရေး အကြပ်အတည်း ကြီးမားလာမှု များကြောင့် တာဝန်ယူကာ နှုတ်ထွက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ပေါ်ထွက် နေခဲ့သည်။ ပါလီမန်က လွှတ်တော်အမတ် (၁၅၃)ဦး အနက် (၁၁၈)ဦးက ၀န်ကြီးချုပ်၏ နှုတ်ထွက်စာကို လက်ခံရန် မဲပေးခဲ့ကြကြောင်း ကြေညာခဲ့သည်။

သမတ စတိုက်မက်ဆစ်က ယခုအချိန်တွင် ၀န်ကြီးချုပ် ရာထူးအတွက် သင့်တော်သူ တစ်ဦးကို ရှာဖွေနေကြောင်း ပြောကြားခဲ့ပြီး ထိုကိစ္စ အဆင်မပြေပါက ဥပဒေအရ ရွေးကောက်ပွဲ အသစ်တစ်ခု ကျင်းပရမည်ဟု သိရသည်။ အတိုက်အခံ ပါတီ ကမူ ၀န်ကြီးချုပ် နှုတ်ထွက်သည် နှင့် ရွေးကောက်ပွဲ တစ်ခု ချက်ချင်း ကျင်းပသင့်ကြောင်း တောင်းဆိုထားခဲ့သည်။

ဆာဒါနာ ၏ လက်ရှိအာဏာရ ခရိုအေးရှား ဒီမိုကရက်ပါတီ ကမူ အခြေအနေကို သတိထား ကိုင်တွယ်သွားမည်ဟု ပြောကြားထားသည်။ အတိုက်အခံတို့၏ ပြင်းထန်သော ဆန္ဒပြမှုများကို ရင်ဆိုင်ခဲ့ရပြီးနောက် ဆာဒါနာ သည် ပါလီမန်သို့ လုံးဝ လာရောက်ခြင်း မရှိတော့ဘဲ နှုတ်ထွက် စာသာ လှမ်းတင်ခဲ့ခြင်းဟု သိရှိရပြန်သည်။ သမတ မက်ဆစ် ကမူ ဆာဒါနာ နှုတ်ထွက်ခြင်း အတွက် ရွေးကောက်ပွဲသစ် တစ်ခုအား ပြုလုပ်သွားရန် မလိုအပ်သေးကြောင်း ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here