အာဖဂန် စစ်ဆင်ရေးတွင် အမေရိကန် မရိန်း တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိ

alt

အာဖဂန်နစ္စတန် နိုင်ငံအတွင်း ထိုးစစ် ဆင်နွှဲနေသည့် အမေရိကန် မရိန်းတပ်ဖွဲ့များတွင် သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၂)ရက် နေ့က ကြီးမားသော စစ်ဆင်ရေးကြီး စတင်ခဲ့ပြီး တာလီဘန်တို့ သိမ်းပိုက်ထားသည့် အာဖဂန် တောင်ပိုင်း နယ်မြေများကို တပ်ဖြန့် ၀င်ရောက်ခဲ့ရာ အနည်းဆုံး မရိန်းတပ်သား တစ်ဦး သေဆုံးကြောင်း အမေရိကန် စစ်ဘက်က ကြေညာသည်။

ထို့အပြင် နောက်ထပ် မရိန်းစစ်သည် အချို့တို့လည်း ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ (၂၀၀၁)ခုနှစ် နောက်ပိုင်း အာဖဂန်တွင် အမေရိကန်၏ အကြီးမားဆုံး ထိုးစစ်ကြီး ဆင်နွှဲခဲ့ရာ တာလီဘန် တို့ကလည်း တုန့်ပြန်ခဲ့ကြသည်။ ဟားမန်း တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေး အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားသည့်တိုင် ထိခိုက်မှုများ ရှိခဲ့ကြောင်း အမေရိကန် စစ်ဘက်က ကြေညာသည်။

ဇူလိုင်လ (၂)ရက် နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် သမတ ဘာရက် အိုဘားမားက ယခု စစ်ပွဲသည် အာဖဂန်နိုင်ငံ ငြိမ်းချမ်းရေးနှင့် တာလီဘန် တို့အား အမြစ်ပြတ် ချေမှုန်းရေး အတွက် အရေးပါကြောင်း ပြောကြားခဲ့ပြီး ထို့အတွက် ထိခိုက်မှုအချို့ ရှိနိုင်ကြောင်း ၀န်ခံခဲ့သည်။

ယခု ထိုးစစ်ကို မရိန်းတပ်သား (၈၀၀၀) ကျော်ဖြင့် ဆင်နွှဲခဲ့ခြင်း ဖြစ်ပြီး မကြာမီတွင် နောက်ထပ် စစ်သည် (၂၁၀၀၀)ခန့် အင်အား ဖြည့်တင်း ပေးသွားရန် စီစဉ်ထားကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here