နှစ်ကြိမ်နှင့် အထက် ကိုယ်ဝန် ပျက်ကျဖူးသည့် အမျိုးသမီးများ သတိထားသင့်

alt

နှစ်ကြိမ်နှင့် အထက် ကိုယ်ဝန် ပျက်ကျဖူးသည့် အမျိုးသမီး များသည် နောက်ထပ် ကလေး မွေးရာတွင် ပြဿနာများ ရှိလာ တတ်ကြောင်း သိရှိ ရသည်။

အထူးသဖြင့် ဉာဏ်ရည် နိမ့်သော ကလေးမွေးခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း စသည့် အခြေအနေမျိုး ကိုယ်ဝန် ပျက်ကျဖူးသည့် အမျိုးသမီး များသည် သာမန်ထက် ပိုမို ကြံုရနိုင်ကြောင်း ပညာရှင်များက ပြောကြား ခဲ့သည်။ ဟော်လန်နိုင်ငံ၊ အမ်စတာဒမ် မြို့ရှိ အီရက်စမတ် တက္ကသိုလ်မှ သုတေသီ များက ယခု တွေ့ရှိမှုကို ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏ အဆိုအရ ကိုယ်ဝန် ပျက်ကျ  ခဲ့ဖူးသော အမျိုးသမီး များသည် လ ရင့်လေ၊ ဂရုစိုက် သင့်လေ ဖြစ်ကြောင်း သိရသည်။ ကိုယ်ဝန်ဆောင် သက်တမ်း (၃၄) ပါတ် ၀န်းကျင် ရှိလာချိန်တွင် လမစေ့ဘဲ ကလေးမွေးမည့် အခြေအနေမှာ သာမန်ထက် (၅၀) ရာခိုင်နှုန်းမျှ မြင့်တက်နေကြောင်း သုတေသန အဖွဲ့မှ ဒေါက်တာ ရောဘတ်ဗန် အိုပင်နာဂျီ က ပြောကြားခဲ့သည်။

အိုပင်နာဂျီ နှင့် အဖွဲ့သည် ၎င်းတို့၏ လေ့လာတွေ့ရှိမှု အသေးစိတ် အချက်အလက်များကို အမ်စတာဒမ်တွင် ကျင်းပသည့် လူသား မျိုးပွားခြင်းနှင့် သန္ဓေသားဆိုင်ရာ ညီလာခံကြီးတွင် ရှင်းလင်း တင်ပြသွားသည်။ ကိုယ်ဝန် ပျက်ကျဖူးခြင်းနှင့် လမစေ့ဘဲ ကလေးမွေးခြင်း တို့သည် ရှုပ်ထွေးစွာ ဆက်စပ်နေကြောင်း ၎င်းတို့၏ အစီရင်ခံစာတွင် ပါရှိသည်။

ထို့အပြင် အမျိုးသမီးများ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ် လက်မဲ့ဖြစ်၍ စိတ်ပိုင်းဆိုင်ရာ လေလွင့်ခြင်း များသည် ကိုယ်ဝန် ပျက်ကျမှု ဖြစ်နိုင်ချေကို တိုးပွား လာစေကြောင်းလည်း ပညာရှင်များက သတိပေး ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here