āမြောက်ကိုရီးယား ဒုံးပျံများတွင် ဆိုဗီယက်ခေတ် နည်းပညာ ထည့်သွင်းထား

alt

ဒုံးပျံ နည်းစနစ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက မြောက်ကိုရီးယား ဒုံးပျံ များတွင် ဆိုဗီယက်ခေတ်က ဒုံးပျံ တည်ဆောက်ရေး ပစ္စည်းများကို ထည့်သွင်း ထားကြောင်း ပြောကြား လိုက်သည်။

ယခု သီတင်းပါတ် အတွင်း ကွန်မြူနစ် နိုင်ငံတော်မှ တာဝေးပစ် ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ဖွယ် ရှိကြောင်း သတင်းကြီး နေချိန်တွင် လွတ်လပ်စွာ သုတေသန ပြုနေသည့် ပညာရှင်(၂)ဦးက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား အနေနှင့် အမေရိကန် နိုင်ငံ၊ ဟာဝိုင်ယီ ဒေသ အထိ ပျံသန်း နိုင်မည့် တာဝေးပစ် ဒုံးကျည် တစ်စင်း စမ်းသပ် ပစ်လွှတ်ရာတွင် အနုမြူထိပ်ဖူး တပ်ထားခြင်း ရှိမရှိကို မသိရသော်လည်း မက်ဆာချူးဆက် ပညာရေး ဌာနမှ နည်းပညာ ဆိုင်ရာ ပရော်ဖက်ဆာ တက်ပက်စတို နှင့် သိပ္ပံပညာ ဆိုင်ရာ စိုးရိမ်ဖွယ် အခြေအနေ လေ့လာရေး ယူနီယံမှ ဒေးဗစ်ရိုက် တို့က ဒုံးကျည်တွင် ဆိုဗီယက် နည်းပညာများ သုံးထားခြင်းမှာ သေချာ သလောက်ရှိနေကြောင်း ပြောဆို ခဲ့ကြသည်။

ပြီးခဲ့သော ဧပြီလက မြောက်ကိုရီးယားတို့ စမ်းသပ် ပစ်လွှတ်ခဲ့သော ဒုံးကျည် များသည်လည်း ဆိုဗီယက် ဒီဇိုင်းများကို အခြေခံထားကြောင်း ပရော်ဖက်ဆာ ပက်စတိုက ဆိုသည်။ အထူးသဖြင့် (၁၉၆၈) ခုနှစ်က ဆိုဗီယက် ရေငုပ် သင်္ဘောများတွင် (၁၉၆၈) ခုနှစ်က တပ်ဆင်ခဲ့သည့် SS-N 6 ဒုံးကျည်များနှင့် အခြေခံ တူညီကြောင်း ပက်စတိုရော၊ ရိုက် ကပါ သုံးသပ်ခဲ့သည်။

မြောက်ကိုရီးယား အနေနှင့် ခေတ်ဟောင်းမှ ရုရှားနည်းပညာကို ရရှိခဲ့ပြီးနောက် ကိုယ်ပိုင် တီထွင်မှုများ ပေါင်းစပ်ကာ တိုက်ချင်းပစ် တာဝေးပစ် ဒုံးကျည်များ တီထွင် နိုင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပညာရှင်နှစ်ဦးက ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here