လိုင်ယွန် ကစားသမား ဘန်ဇီးမား ရီးရဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့

alt

ကာရင် ဘန်ဇီးမား ၏ အပြောင်းအရွှေ့ လုံးဝ ပြီးမြောက်သွားပြီ ဖြစ်ကြောင်း ရီးရဲလ် မက်ဒရစ် နှင့် လိုင်ယွန် အသင်းများက ကြေညာ လိုက်ပြီ ဖြစ်သည်။

အသက် (၂၁) နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အား အင်္ဂလန် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်က စိတ်ဝင်စား နေခဲ့သော်လည်း ရီးရဲလ်က ယူရို (၃၅)သန်း ပေးကာ လက်ဦးမှုယူပြီး ခေါ်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ ဘန်ဇီးမား သည် ယခု ရာသီအတွက် ရီးရဲလ်၏ (၄)ဦးမြောက် ခေါ်ယူ စာချုပ်ခြင်း ခံရသော ကစားသမားလည်း ဖြစ်လာ ခဲ့ရသည်။

လိုင်ယွန်သည် ကနဦးက ဘန်ဇီးမား ရီးရဲလ်ပြောင်းသည့် သတင်းများကို ငြင်းဆန် ခဲ့သေးသော်လည်း နာရီပိုင်း အတွင်း ပြောင်းပြန် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ဘန်ဇီးမား ရောက်ရှိလာပြီး နောက်တွင်လည်း နောက်ထပ် ကစားသမားများ ခေါ်ယူရန် စီစဉ်ထားကြောင်း ရီးရဲလ်က ဆိုသည်။

ထို့အပြင် ဘန်ဇီးမားကြောင့် လက်ရှိ ရီးရဲလ် တိုက်စစ်မှူး အချို့မှာလည်း ရောင်းထုတ် ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ လိုင်ယွန်က ဘန်ဇီးမားသည် မန်ချက်စတာ နှင့် နီးစပ် ခဲ့သေးသော်လည်း ရီးရဲလ်၏ ကမ်းလှမ်းမှုမှာ ငြင်းဆန်နိုင်ရန် ခဲယဉ်းကြောင်း ၀န်ခံ သွားခဲ့သည်။

ရီးရဲလ်သည် ဘန်ဇီးမား မတိုင်မီက ရီကာ ဒိုကာကာ၊ ခရစ်စတီယာနို ရော်နာဒိုနှင့် ရာအူး အာဘီလို တို့ (၃)ဦးကိုလည်း ခေါ်ယူ စာချုပ်ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here