အီရန်တွင် ဗြိတိန်သံရုံး ဝန်ထမ်းများ ဖမ်းဆီးခံရမှု အတွက် ဝိုင်းဝန်း ကူညီရန် တောင်းဆို

alt

အီရန်နိုင်ငံရှိ ၎င်းတို့သံရုံးမှ အမှုထမ်း များအား အီရန် အစိုးရက ဖမ်းဆီးထားသည့် ကိစ္စတွင် ၀ိုင်းဝန်းအကူအညီ ပေးကြပါရန် ဗြိတိန် အစိုးရက ၎င်း၏ မဟာမိတ်များအား တောင်းဆိုလိုက်သည်။

ဇူလိုင်လ (၂)ရက်နေ့က ဗြိတိန်သည် တဟီရန်မြို့တော်ရှိ ဗြိတိသျှသံရုံး ကိစ္စအတွက် ပူးပေါင်း ဆောင်ရွက်ပေးပါရန် ဥရောပယူနီယံ အဖွဲ့ဝင်နိုင်ငံများသို့ ပန်ကြားလိုက်သည်။ တဟီရန်ရှိ သံရုံးမှ အမှုထမ်း အနည်းဆုံး တစ်ဦးကို အီရန်အစိုးရက ဖမ်းဆီးထားကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

အီရန် အာဏာပိုင်များက မကြာသေးမီ ကာလအတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြ ဆူပူ အုံကြွမှုများ အတွက် လှုံ့ဆော် သွေးထိုးခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဗြိတိသျှ သံရုံးတွင် အမှုထမ်းနေသည့် အီရန်လူမျိုး (၉)ဦးကို ပြီးခဲ့သည့် သီတင်းပါတ်က ဖမ်းဆီး ထားလိုက်သည်။ ယခု အချိန်ထိ ၎င်းတို့ အနက်မှ အချို့ ပြန်လွတ်လာသော်လည်း အဖမ်းခံထားရသူများ ဆက်ရှိ နေဆဲဖြစ်ကြောင်း ဗြိတိန် အစိုးရက ဆိုသည်။

အီရန်တွင် ဆန္ဒပြမှုများ ပြီးဆုံးပြီးနောက် အတိုက်အခံ ခေါင်းဆောင်များ ဖမ်းဆီးခံရသလို ဆန္ဒပြသူ (၁၀၀၀)ကျော် ကိုလည်း အာဏာပိုင်များက ထိန်းသိမ်း ထားခဲ့သည်။ ယခု ကိစ္စအတွက် နိုင်ငံတကာရေးရာ တခုအဖြစ် မှတ်ယူပြီး အလေးထား ဆောင်ရွက် ပေးကြပါရန် ဗြိတိန်က ၎င်း၏ မိတ်ဖက် နိုင်ငံများသို့ တောင်းဆိုခဲ့သည်။

သံရုံး အမှုထမ်းများ ဖမ်းဆီးမှုနှင့် စပ်လျဉ်းပြီး အီရန်နှင့် ဗြိတိန် အစိုးရတို့၏ ဆက်ဆံရေးမှာလည်း အတင်းမာဆုံး အနေအထားသို့ ရောက်ရှိနေကြောင်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here