နေ့စဉ် လိင် ဆက်ဆံခြင်း ဖြင့် အမျိုးသားများ သန္ဓေအောင်မှု အကျိုးပြု

alt

နေ့စဉ် နေ့တိုင်း လိင်မှုရေးရာ မှီဝဲခြင်း သည် အမျိုးသား များ၏ သန္ဓေ အောင်စေသည့် ဗီဇ ဆဲလ်များကို ပိုမို အကျိုးပြုကြောင်း သိရှိရသည်။

နေ့စဉ် လိင်မှု မှီဝဲပြီး ဆက်ဆံဖက်နှင့် ရင်းနှီး ချစ်ခင်သော ဆက်ဆံရေး ရှိပါက အမျိုးသားများ ၏ သုတ်ပိုးများတွင် ရှိသော မျိုးပွားမှု စွမ်းရည် နှင့် သုတ်ပိုးများ ၏ ကူးပြောင်း ရွေ့လျားမှု အရည်အသွေး နှစ်ခုစလုံး သိသိသာသာ မြင့်တက် လာကြောင်း သုတေသန စစ်တမ်းများက ဖော်ပြလျှက်ရှိသည်။

ဩစတြေးလျ နိုင်ငံမှ သုတေသီများသည် အမျိုးသားများ၏ ကလေး မရနိုင်သော ပြဿနာများ အတွက် အဖြေရှာ လေ့လာရင်း ယခု ရလဒ်ကို ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်သည်။ ချစ်ခင်စုံမက်ပြီး စိတ်ပါလက်ပါ ကိုယ်လက်နှီးနှောခြင်းသည် ကောင်းကျိုးများစွာ ရရှိစေနိုင်သော အထောက် အထားများ တွေ့ရှိရကြောင်း ပညာရှင်များက ဆိုသည်။

ထို့ကြောင့် သားသမီး ရရှိလိုသော စုံတွဲများအနေနှင့် ဆေးဝါးများ၊ ကုထုံးများထက် မိမိကိုယ်ကိုသာ အားကိုးသင့်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။ နေ့စဉ်ပုံမှန် လိင်မှု မှီဝဲခြင်းသည် အကောင်းဆုံး သဘာဝ သန္ဓေအောင် စွမ်းရည် တိုးမြှင့် ကုထုံးတခု ဖြစ်ကြောင်း ဆစ်ဒနီရှိ IVF ဆေးခန်းမှ ဒေါက်တာဒေးဗစ်ဂရင်းနင်းက ပြောကြားခဲ့သည်။

နေ့စဉ်လိင်ဆက်ဆံခြင်းသည် သုက်ပိုးများတွင် ပျက်စီးနေသော DNA များကို ပြန်လည် ကောင်းမွန် စေရန် ဆောင်ရွက် ပေးနိုင်ကြောင်းလည်း သိရသည်။ ယခု ရလဒ်များ အားလုံး တိကျ ခိုင်မာသော စမ်းသပ်မှုများ အပေါ် အခြေခံ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အခြားသော နည်းလမ်းများထက် သဘာဝအတိုင်း လိင်မှု မှီဝဲခြင်းဖြင့် သန္ဓေအောင် စွမ်းရည် တိုးမြင့် လာစေမည်ဖြစ်ကြောင်း ဒေါက်တာ ဂရင်းနင်းက ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here