အီရန် အတိုက်အခံ ခေါင်းဆောင် မူဆက်ဗီ အား တရားစွဲဆိုခြင်း ခံရမည်

alt

အီရန် တရားရုံးက ရွေးကောက်ပွဲတွင် အရေးနိမ့် ခဲ့သော မာဟိုဆင်း မူဆက်ဗီ ကို ဥပဒေ ကြောင်းအရ တရားစွဲဆို သွားမည် ဟု ကြေညာ ခဲ့သည်။

အသက် (၆၇) နှစ် အရွယ်ရှိသော မူဆက်ဗီ နှင့် အတူ အခြား အတိုက်အခံ ခေါင်းဆောင် နှစ်ဦး ကိုလည်း တရားစွဲရန် အီရန် အစိုးရက စီစဉ်နေသည် ဟု ဆိုသည်။ အယာတို မိုဟာမွတ် မက်ကာတနေး နှင့် မာဒီ ခါရက်ဘီး တို့ နှစ်ဦး ကို လည်း နိုင်ငံတော် ဆူပူ အုံကြွမှု အတွက် စစ်ဆေး သွားမည်ဟု အီရန်အစိုးရ တရားရေး ဌာနက ကြေညာ သည်။

အီရန် ရဲတပ်ဖွဲ့က မြို့တော် တဟီရန် မှ စတင်သော ဆန္ဒပြ ပွဲများ အတွင်း လူ (၂၀) ထက် မနည်း သေဆုံးပြီး ထောင် နှင့် ချီကာ ဒဏ်ရာ ရရှိ ခဲ့ကြောင်း အတည်ပြု ထား သည်။ မူဆက်ဗီ ခေါင်းဆောင်သော အတိုက်အခံများ သည် ရွေးကောက်ပွဲ ကို နောက်တကြိမ် ကျင်းပရန် တောင်းဆိုပြီး အီရန် ၏ ပြည်တွင်းရေး မငြိမ်သက်အောင် လှုံ့ဆော်ခဲ့ကြောင်း ဗဟိုတရားရုံး က စွပ်စွဲခဲ့သည်။

ယခုအခါ မူဆက်ဗီ နှင့် အခြား ခေါင်းဆောင် (၂) ဦးကို နေအိမ်အတွင်း ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့ က အချိန်ပြည့် စောင့်ကြည့် နေကြပြီ ဖြစ်သည်။ မူဆက်ဗီ ကမူ အင််တာနက်တွင် ၎င်းအနေနှင့် မည်သည့် အရာကိုမျှ မကြောက်ကြောင်း နှင့် အီရန် အစိုးရ အာဏာပိုင်များ ကသာ ဥပဒေမဲ့ လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။

သတင်းများအရ မူဆက်ဗီ နှင့် အတိုက်အခံ ခေါင်းဆောင်များမှာ အနည်းဆုံး နေအိမ် အကျယ်ချုပ် ပြစ်ဒါဏ်ကို ကျခံရနိုင်ပြီး အခန့်မသင့်ပါက ထောင်ဒါဏ် တရပ်ပင် ချမှတ်ခြင်း ခံရဖွယ်ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here