āအာဖဂန်တွင် အမေရိကန် မရိန်းတပ်သားများ စစ်ဆင်ရေး ပြုလုပ်

alt

ဇူလိုင်လ(၂)ရက်နေ့ နံနက် အစောပိုင်းက အမေရိကန် မရိန်း တပ်သားများသည် အာဖဂန်နစ္စတန် နိုင်ငံအတွင်းရှိ တာလီဘန်များအား ချေမှုန်း သုတ်သင်ရေး စစ်ဆင်မှုကြီး တခုကို စတင် အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း သိရှိရသည်။

အာဖဂန်၏ အကြီးဆုံး ပြည်နယ်ဖြစ်သော ဟာလမ်း တွင် မရိန်းစစ်သည် (၄၀၀၀) မျှသည် အာဖဂန် ရဲနှင့် စစ်တပ်များ အကူအညီဖြင့် ထိုးစစ်ကြီး တခုကို စတင် ဆင်နွှဲနေပြီ ဖြစ်သည်။ ၎င်းတို့သည် ဟာလမ်း ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ စစ်ကားများ၊ ရဟတ်ယာဉ်များဖြင့် ဆင်းသက် ရောက်ရှိလာပြီး ခိုအောင်းနေဖွယ်ရှိသော တာလီဘန် တပ်ဖွဲ့များကို ရှာဖွေလျှက် ရှိနေသည်။

အမေရိကန် စစ်ဘက်က သမတ ဘာရက် အိုဘားမား ၏ အာဖဂန် တနိုင်ငံလုံး ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ် ပိပြားရေး စီမံချက်ကို ယခုစတင် အကောင်အထည် ဖော်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ မရိန်း တပ်သားများသည် ကျေးရွာများအတွင်း နေရာယူဝင်ရောက်ကာ စစ်ဆင်ရေးကို စနစ်တကျ ဆောင်ရွက်ခဲ့ကြသည်။ တာလီဘန်တို့၏ တုန့်ပြန်တိုက်ခိုက်မှုများ ပြင်းထန်လာပြီးနောက် ယခုစစ်ဆင်ရေးကို အကောင်အထည် ဖော်ခဲ့ကြောင်း အာဖဂန်ရှိ အမေရိကန် စစ်ဌာနက ကြေညာသည်။

အာဖဂန် တောင်ပိုင်း ဟာလမ်း တွင် ထိုကဲ့သို့ စစ်ဆင်ရေးကြီး ဆောင်ရွက်ပြီးနောက် အာဖဂန် အရှေ့ပိုင်းတွင်လည်း စစ်ဆင်ရေးများ ပြုလုပ်သွားရန် စီစဉ်ပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။ အီရတ်မှ အမေရိကန် တပ်များကို ရုတ်သိမ်းပြီးနောက် အာဖဂန်တွင် စစ်သည် အရေအတွက် တိုးမြှင့်ရန် အမေရိကန် အစိုးရက စီစဉ်ထားရာ ယခု နှစ်ကုန်တွင် အာဖဂန်ရောက် အမေရိကန် စစ်သည်ဦးရေ (၆၈၀၀၀) ခန့် အထိ ရှိလာနိုင်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here