ပြံုးယမ်းမှ တာတိုပစ် ဒုံးကျည် ၄ စင်း ပစ်ပြန်

alt

ကြာသာပတေးနေ့ ညနေက မြောက်-ကိုရီးယား မှ တာတိုပစ် ဒုံးကျည် ၄စင်းအား စမ်းသပ်သည့် အနေဖြင့် ပစ်လွှတ် ခဲ့သည်ဟု မြောက်ကိုရီးယား ကာကွယ်ရေး ဋ္ဌာနမှ တရားဝင် ထုတ်ပြန် ကြေညာ လိုက်သည်။

နိုင်ငံတကာ ရေပိုင်နက် တွင် ပြည်တွင်းသွား သင်္ဘောဖြင့် သင်္ကာမကင်း ဖြစ်စေသော ကုန်ပစ္စည်းများ တင်ဆောင် ၍ သွားလာစေခြင်း၊ ယခု ကဲ့သို့ တာတိုပစ် ဒုံးကျည်များ စမ်းသပ် ပစ်ခတ်နေခြင်း၊ လာမည့် ဂျူလိုင်လ ၁၀ရက် နေ့တွင် စစ်ရေးလေ့ကျင့် မည်ဟု လုပ်ဆောင် နေခြင်းများမှာ မြောက်ကိုရီးယား အစိုးရ ၏ ရည်ရွယ်ချက်ကို အသေအခြာ မသိရှိ ရသေးချေ။

နိုင်ငံတကာမှ စိတ်ဝင်တစား စောင့်ကြည့်နေသည့် ကြားမှ မြောက်ကိုရီးယား ထိုသို့ ပြုလုပ်ခြင်းသည် အနောက် နိုင်ငံများနှင့် ဆက်ဆံရေးပိုမို တင်းမာမှု ရလဒ်ကိုသာ ဖြစ်ထွန်းစေခဲ့သည် နိုင်ငံတကာ သုံးသပ်သူများက ဆိုကြသည်။

မြောက်ကိုရီးယားတွင် တာတိုပစ် ဒုံးကျည် အစင်း ၆၀၀၊ တာလတ်ပစ် ဒုံးကျည် အစင်း ၃၀၀ ပိုင်ဆိုင်ထားပြီး နှစ်စဉ် အကြိမ်ရေ များစွာ စမ်းသပ် ပစ်ခတ်နေခဲ့ကာ ယခုနှစ် ဧပြီလက တာဝေးပစ် ဒုံးလက်နက် ၃ကြိမ် စမ်းသပ် ပစ်ခတ်ခဲ့ပြီး မေလတွင် ဝမ်စမ်း အရပ်မှ ဒုတိယအကြိမ် အဖြစ် ပစ်ခတ်ခဲ့သော ဒုံးကျည်မှ စ၍ နျူကလီးယား ထိပ်ဖူးတပ် ပစ်ခတ် နိုင်ခဲ့သည် အထိ ဖြစ်လာ ခဲ့ရသည်ဟု တောင်ကိုရီးယား ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားလိုက်သည်။

နောက်ထပ် စတုတ္ထမြောက် ပစ်လွှတ်နိုင်သည့် တာဝေးပစ် ဒုံးကျည်တစင်းအား များမကြာမီ ရက်များအတွင်း ထပ်မံ ပစ်လွှတ်နိုင်သေးသည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဋ္ဌာနမှ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီးမှ အေပီ သတင်းဋ္ဌာနသို့ ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here