ဒေါ်စု အမှု ဂျူလိုင် ၁၀ ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်း

alt

ဒေါ်အောင်ဆန်းစုကြည် အား တရား စွဲတင် စစ်ဆေးနေသော အင်းစိန်ထောင် အထူးတရားရုံး တရားခွင် ကို ဂျူလိုင်လ ၁၀ ရက်နေ့သို့ ပြောင်းရွှေ့ လိုက်ပြီ ဖြစ်သည်။

အင်းစိန်ထောင် အထူးတရားရုံး ၏ တရားသူကြီးများ က ဗဟိုတရားရုံးမှ အမှု နှင့် ပတ်သက် သည့် စာရွက်စာတမ်းများ အား မရရှိ သေးသည့် အတွက် ယခုလို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရှေ့နေကြီး ဦးဉာဏ်ဝင်း က ပြောကြား လိုက်သည်။ ယခုလို ရွှေ့ဆိုင်းကြောင်း ကြေညာ ခဲ့့ခြင်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ရန်ကုန်သို့ ရောက်ရှိပြီး မိနစ်ပိုင်း အတွင်း ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ဂျူလိုင် ၁၀ ရက် နေ့တွင် ရန်ကုန်တိုင်း တရားရုံးက ထပ်မံ ခွင့်ပြုထားပြီး ဖြစ်သော ဒေါ်ခင်မိုးမိုး အား စစ်ဆေးမေးမြန်း လိမ့်မည်ဟု ယုံကြည်ရကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ရှေ့နေများက သက်သေ ၄ဦး တင်သွင်း ထားခဲ့သော်လည်း အင်းစိန်တရားရုံး က သက်သေ တဦးသာ ခွင့်ပြုခဲ့သည့် အတွက် အထက် တရားရုံးများသို့ အဆင့်ဆင့် တင်ပြရာ ရန်ကုန်တိုင်း တရားရုံး က နောက်သက်သေ ဒေါ်ခင်မိုးမိုး ကိုသာ ထပ်မံ ခွင့်ပြု ထားခဲ့သည်။

ယခုလို  နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် စွပ်စွဲ အမှုဖွင့် ထားသည့် ဒေါ်အောင်ဆန်းစုကြည် အား ထောင်ဒဏ် ၅နှစ် အထိ န.အ.ဖ စစ်အစိုးရ မှ အရေးယူ နိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here