Harry Potter မင်းသား အရပ်ရှည် လိုသည်ဟု ငြီးငြူပြောကြား

alt

ဒင်နီရယ် ရက်ကလစ် က ၎င်းသည် အလွန် အရပ်ရှည် လိုသော်လည်း ဆန္ဒ မပြည့်ကြောင်း ငြီးငြူ ခဲ့သည်။ အသက် (၁၉)နှစ် ရှိပြီဖြစ်သော Harry Potter ဇာတ်ဆောင် မင်းသားက

(၅)ပေ၊ (၅) လက်မ သာရှိသော အရပ်ကြောင့် အားမလို အားမရ ဖြစ်နေမိကြောင်း ၀န်ခံသွားခဲ့သည်။

၎င်း၏ အသက်အရွယ်နှင့် စာလျှင် နောက်ထပ် လက်မ အနည်းငယ်မျှ မြင့်သင့်သေးသည်ဟု ထင်ကြောင်း ရက်ကလစ်က ပြောကြားလိုက်သည်။ ၎င်း၏ သူငယ်ချင်း များကလည်း ရက်ကလစ် သည် အရပ်ပုကြောင်း စလျှင် စိတ်ဆိုးတတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

အရပ်ရှည် နိုင်မည့် နည်းလမ်း မှန်သမျှလည်း စမ်းသပ် ခဲ့ဖူးသည့်တိုင် အရပ်ရှည် မလာသည့် အခါ စိတ်ပျက်မိကြောင်း ရက်ကလစ်က အားလျော့ စကားဆိုသည်။ ၎င်းသည် Harry Potter ဇာတ်ကားများတွင် စတင် သရုပ်ဆောင် ကတည်းက အရပ်ပုကြောင်း ပရိသတ်များက သတိထား မိခဲ့သော်လည်း ထိုစဉ်က ကလေး အတွေးဖြင့် ထိုကိစ္စကို စိတ်ထဲ မထားမိကြောင်း ရက်ကလစ်က ပြောကြားခဲ့သည်။

အခြားသော ဟောလီးဝုဒ် မင်းသားများနှင့် ယှဉ်လိုက်ပါက ကိုယ့်ကိုကိုယ် မကျေမနပ် ခံစားရကြောင်း ၎င်းက ဆိုသည်။ ရက်ကလစ်က အရပ် အလွန်မြင့်သော အခြေအနေမျိုး မရှိသည့်တိုင် (၅)ပေ၊ (၈) လက်မမျှ ရှိလျှင်ပင် ကျေနပ် မိမည်ဖြစ်ကြောင်း၊ သို့သော်လည်း ထိုသို့ဖြစ်ရန် မလွယ်နိုင်ကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here