Microsoft Bing တွင် Twitter Post များအား ထည့်သွင်း သွားမည်

alt

Microsoft က ၎င်းတို့၏ Search Engine အသစ် Bing တွင် ရှာဖွေနိုင်သည့် ရလဒ်များ အတွင်း Twitter တွင် တင်ထားသည့် Post များကိုပါ ထည့်ပေးသွားမည် ဖြစ်ကြောင်း ဇူလိုင်လ (၂)ရက်နေ့က ကြေညာ လိုက်သည်။

Twitter သည် တစထက် တစ နာမည်ကြီး လာသလို ကမာ္ဘပေါ်ရှိ နာမည်ကျော် ပုဂ္ဂိုလ်များသည် ၎င်းတို့၏ ပြောစကားများ၊ လုပ်ငန်းစဉ်များကို Twitter တွင် ဖော်ပြနေသဖြင့် ရှာဖွေမှု ရလဒ်များ အတွင်း Twitter မှ Post များကိုပါ ဖော်ပြသွားရန် ဆုံးဖြတ်ခဲ့ခြင်းဟု Microsoft က ကြေညာခဲ့ခြင်း ဖြစ်သည်။

ထို အစီအစဉ်ကြောင့် Microsoft ၏ Search Engine မှ ရှာဖွေပေးနိုင်သည့် ရလဒ် အရေအတွက် ပိုမိုများပြား ကျယ်ပြန့် လာမည်ဖြစ်ပြီး Bing ကို အသုံးပြုနေသူများ အတွက်လည်း အဆင်ပြေစေပြီး လိုအပ်သော ရလဒ်နှင့် နီးစပ်စေမည်ဟု သိရသည်။ Microsoft ၏ ဆီလီကွန်တောင်ကြား Searching နည်းပညာ စင်တာမှ အထွေထွေ မန်နေဂျာ ရှောင်ရှူးစတား က Twitter ကို စွဲမြဲစွာ အသုံးပြုနေသည့် နာမည်ကျော် ပုဂ္ဂိုလ် အရေအတွက် ထောင်ဂဏန်း အတန်အသင့် ရှိနေခြင်းက Bing ၏ ရှာဖွေမှုများအတွင်း Twitter ၏ ရလဒ်များ ထည့်သွင်းစေရန် ဆွဲဆောင်နေကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ယခု အစီအစဉ်အတွက် Twitter နှင့် တိုက်ရိုက် ချိတ်ဆက် လုပ်ကိုင်ခြင်းမျိုး မရှိကြောင်းလည်း Microsoft က ပြောကြားခဲ့သည်။ စမ်းသပ်မှုများ အရ သက်ဆိုင်သော စကားလုံးနှင့် ရှာဖွေပါက Twitter ၏ Account အသီးသီးမှ အဆက်အစပ် ရှိသော Link များကို Bing က ရှာဖွေ ပြသပေးကြောင်း Microsoft မှ အတည်ပြု ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here