Forbes တနှစ်တာ ဝင်ငွေအကောင်းဆုံး မင်းသမီးများ

alt

တနှစ်တာ အတွက် ၀င်ငွေ အကောင်းဆုံး မင်းသမီးများ စာရင်းကို Forbes မဂ္ဂဇင်း က ကြေညာခဲ့ရာ အိန်ဂျယ်လီနာ ဂျိုလီ က ထိပ်ဆုံးတွင် ရပ်တည် နိုင်ခဲ့သည်။

(၂၀၀၈) ခုနှစ် ဇွန်လမှ (၂၀၀၉) ခုနှစ် ဇွန်လ အထိ ရုပ်ရှင် ရိုက်ကူးရာ မှ ရရှိခဲ့သော ၀င်ငွေများ စာရင်းကို အခြေခံ တွက်ချက်ခဲ့ရာတွင် Wanted နှင့် Salt ဇါတ်ကားတို့ကို ရိုက်ကူးခဲ့သည့် ဂျိုလီက ၀င်ငွေဒေါ်လာ (၂၇)သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဂျင်နီဖာ အင်နစ္စတန် ကလည်း Marley & Me ၊ The Baster နှင့် Friends ဇာတ်ကားများကြောင့် ဒေါ်လာ(၂၅)သန်းဖြင့် ဒုတိယ နေရာ ရယူခဲ့သည်။ တတိယ နေရာတွင် မယ်ရီရယ်စထရိ က ဒေါ်လာ(၂၄)သန်းဖြင့် ရှိနေခဲ့သည်။

Forbes သည် မကြာသေးမီက တနှစ်တာ အတွက် ၀င်ငွေ အကောင်းဆုံး မင်းသားများ စာရင်းကို ဖော်ပြခဲ့ရာ ဟယ်ရီဆန်ဖို့ဒ် က ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည်။

Forbes မှ မှတ်တမ်း ပြုစုထားသည့် တနှစ်တာ ၀င်ငွေ အကောင်းဆုံး မင်းသမီးများမှာ အောက်ပါ အတိုင်းဖြစ်သည်။

  • အိန်ဂျယ်လီနာ ဂျိုလီ – ဒေါ်လာ(၂၇)သန်း
  • ဂျင်နီဖာ အင်နစ္စတန် – ဒေါ်လာ(၂၅)သန်း
  • မယ်ရီရယ် စထရိ – ဒေါ်လာ(၂၄)သန်း
  • ဆာရာ ဂျက်စီကာပါကား – ဒေါ်လာ(၂၃)သန်း
  • ကင်မရွန်း ဒီယက်စ် – ဒေါ်လာ(၂၀)သန်း
  • ရီးစ်ဝှစ်သာ စပွန်း – ဒေါ်လာ(၁၅)သန်း
  • ဆန်ထရာ ဘူးလော့ခ် – ဒေါ်လာ(၁၅)သန်း
  • နီခိုးလ် ကစ်မင်း – ဒေါ်လာ(၁၂)သန်း
  • ဒရူး ဘယ်ရီမိုး – ဒေါ်လာ(၁၂)သန်း
  • ရီနီဇ် ဇီဝါဂါး – ဒေါ်လာ(၁၀)သန်း

LEAVE A REPLY

Please enter your comment!
Please enter your name here