တရုတ်နိုင်ငံ မှ ဇင်ဘာဘွေသို့ ချေးငွေပေးမည်

alt

ဇင်ဘာဘွေ ၀န်ကြီးချုပ် မော်ဂန် ဆာဗန်ဂီရိုင် က တရုတ် နိုင်ငံသည် ဇင်ဘာဘွေသို့ ချေးငွေတစ်ရပ် ခွင့်ပြု ခဲ့ကြောင်း ကြေညာ လိုက်သည်။

ကမာ္ဘ့ အဆိုးရွားဆုံး အာဏာရှင် အဖြစ် နာမည်ကြီး နေသည့် သမတကြီး ရောဘတ် မူဂါဘီ၏ မဟာမိတ်ဖြစ်သည့် တရုတ်သည် ဇင်ဘာဘွေ အတွက် ချေးငွေဒေါ်လာ သန်းပေါင်း (၉၅၀)ကို ထုတ်ချေး ခဲ့ကြောင်း ဆာဗန်ဂီရိုင် က ဆိုသည်။

ဇူလိုင်လ (၃၀)ရက်နေ့က တရုတ်ထံမှ ရရှိသော ချေးငွေသည် ဆန့်ကျင်ဘက် ပါတီနှစ်ခု အာဏာခွဲဝေ ရယူထားသည့် ဇင်ဘာဘွေ အစိုးရအတွင်း ဆာဗန်ဂီရိုင် အတွက် အရှက်ကွဲမှုတခု ဖြစ်လာခဲ့ရသည်။ ၀န်ကြီးချုပ် ဆာဗန်ဂီရိုင်သည် ၎င်းအား ထောက်ခံသည့် အမေရိကန်နှင့် ဥရောပတို့မှ ငွေကြေး အထောက်အပံ့ ရရှိနိုင်ရေး မျှော်မှန်းချက်ဖြင့် သီတင်း(၃)ပါတ်မျှ အချိန်ယူ ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိခဲ့ချေ။

သို့သော်လည်း မူဂါဘီ ကမူ တရုတ်ထံမှ ချက်ချင်းလိုလို ငွေချေးနိုင်ခဲ့သဖြင့် ဆာဗန်ဂီရိုင် အပေါ် တကွက်ကျောသွားကြောင်း ဇင်ဘာဘွေ အရေး လေ့လာသူများက ဆိုသည်။ ဇင်ဘာဘွေနိုင်ငံ၏ စီးပွားရေးသည် အခြားသော အာဖရိက နိုင်ငံများသို့ ရိုက်ခတ်နိုင်သဖြင့် ယခုလို ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ် ကဆိုသည်။

ဆာဗန်ဂီရိုင် ကြိုးစားချိန် ကမူ အနောက်အုပ်စု နိုင်ငံများက ဇင်ဘာဘွေ အရေးအတွက် လေ့လာရန် လိုအပ်သေးသည်ဟု ဆိုကာ လက်ရှောင်နေခဲ့ကြသည်။ ဇင်ဘာဘွေနိုင်ငံသည် ငွေကြေး ဖောင်းပွမှု၊ ဆင်းရဲ ကြပ်တည်းမှုများဖြင့် ကမာ္ဘပေါ်တွင် အခြေအနေ အဆိုးဆုံး နိုင်ငံတခုအဖြစ် ရပ်တည်နေရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here