မြောက်ကိုရီးယား သင်္ဘော လမ်းကြောင်း ပြောင်းသွားဟု ဆို

alt

အမေရိကန် ရေတပ် သင်္ဘောက မျက်ခြေ မပြတ် စောင့်ကြည့်မှုကို ခံနေရသော မြောက်ကိုရီးယား ကုန်တင် သင်္ဘော Kang Nam 1 သည် ယခုအခါ လမ်းကြောင်း ပြောင်းလဲသွားပြီး ၎င်း၏

လာရာ လမ်းအတိုင်း ခုတ်မောင်းလျှက် ရှိကြောင်း အမေရိကန် ရေတပ်က ပြောကြား လိုက်သည်။

မူလက အဆိုပါ သင်္ဘောသည် မြန်မာနိုင်ငံသို့ ဦးတည်လာခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း သုံးသပ် ခဲ့ကြသော်လည်း မြန်မာ အာဏာပိုင်များက Kang Nam 1 တွင် လက်နက်များနှင့် အခြား ပိတ်ပင်ထားသော ပစ္စည်းများ တင်ဆောင်လာပါက မြန်မာ့ရေပိုင်နက်တွင် ကမ်းကပ်ခွင့် ပြုမည် မဟုတ်ကြောင်း မြောက်ကိုရီးယား သံရုံးသို့ အကြောင်းကြားခဲ့ သဖြင့် ယခုလို ပြန်လှည့်သွားခြင်း ဖြစ်နိုင်ကြောင်း အမေရိကန် ရေတပ်က ထင်ကြေး ပေးခဲ့ကြသည်။

Kang Nam 1 သည် ကုလသမဂ္ဂ၏ တားဆီး ပိတ်ဆို့မှု နောက်ပိုင်း ပထမဆုံး စောင့်ကြည့်ခံရသော သင်္ဘော ဖြစ်လာသော်လည်း ၎င်း၏ ရေယာဉ်များအား ဟန့်တားခြင်းသည် စစ်ပွဲကို စတင်ခြင်းပင် ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ရာဇသံ ပေးထားသဖြင့် အတင်းအကြပ် မစစ်ဆေးဘဲ စောင့်ကြည့်နေခြင်း ဖြစ်သည်။

မေလ (၂၅)ရက် နေ့က အနုမြူဗုံး စမ်းသပ် ဖောက်ခွဲပြီးနောက် မြောက်ကိုရီးယား၏ လက်နက်များ သယ်ဆောင် တင်ပို့မှုကို ပိတ်ပင်ရန် ကုလသမဂ္ဂက ဆုံးဖြတ်ချက် ချခဲ့ပြီးနောက် Kang Nam 1 တွင် ပါရှိသော ကုန်စည်များမှာ လက်နက်များ ဖြစ်နိုင်ဖွယ် ရှိကြောင်း သံသယ ၀င်ခဲ့ကြရသည်။

မြောက်ကိုရီးယားသည် ဇူလိုင်လ အတွင်း တာဝေးပစ် ဒုံးကျည်တစင်း စမ်းသပ် ပစ်လွှတ်နိုင်ကြောင်း သတင်းကြီးခဲ့သော်လည်း ယခု အချိန်ထိ ဒုံးကျည် ပစ်လွှတ်မည့် အရိပ်အယောင် မတွေ့ ရသေးဟု အမေရိကန် ထောက်လှမ်းရေးရပ်ကွက် သတင်းများက ပြောဆိုလိုက်သည်။ ယခု ပြန်လှည့်သွားသော Kang Nam 1 သင်္ဘော၏ ရည်ရွယ်ချက်ကိုလည်း မသိရသေးကြောင်း အမေရိကန် ရေတပ်က ထပ်လောင်း ၀န်ခံပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here