အကြွေးများစွာ တင်ကျန်ရစ်သည့် ပေါ့(ပ်) ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်

alt

အသက်ရှင်စဉ်က ဘုရင်တပါးနှယ် ခမ်းနား သိုက်မြိုက်စွာ နေထိုင်ခဲ့သော်လည်း မိုက်ကယ်ဂျက်ဆင် တွင် အကြွေး သန်းရာနှင့်ချီ ကျန်နေခဲ့ကြောင်း သိရှိရသည်။

ဂျက်ဆင်သည် ဗေဘာလီဟေးလ် ရှိ စံအိမ်ကြီး တစ်လုံးသို့ (၂၀၀၄) ခုနှစ်က ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အခြွေအရံ ဒါဇင်နှင့်ချီပြီး ထားရှိခဲ့သည်။ ၎င်း၏အိမ်သို့ အလည်အပတ် ရောက်ရှိ သူတိုင်းက ဂျက်ဆင်သည် ဘုရင်တပါးကဲ့သို့ နေထိုင်နေသည်ဟု ထင်မှတ်ခဲ့ကြကြောင်း ၀န်ခံခဲ့ကြသည်။

အမှန်အားဖြင့် ထိုစဉ်က ဂျက်ဆင်သည် အမေရိကန် ဒေါ်လာ (၁၄.၆) သန်းတန်သော နဲဗားလန်း အိမ်ကြီးမှ ပြောင်းရွှေ့ရန် အတင်းအကြပ် စေခိုင်း ခံရမှုကြောင့် ထိုစံအိမ်သို့ ပြောင်းရွှေ့လာရခြင်း ပင်ဖြစ်သည်။ နဲဗားလန်း ခြံကျယ်ကြီးနှင့် အိမ်ကြီးမှာလည်း နောက်ပိုင်းတွင် အကြွေးဆပ်ရန် ရောင်းချ လိုက်ရကြောင်း သိရှိသည်။

ဂျက်ဆင်သည် ဗေဘာလီဟေးလ် စံအိမ်ကြီးတွင် တလလျှင် ဒေါ်လာ(၇၅၀၀၀) မျှပေးပြီး ဆက်လက် နေထိုင်နေခဲ့သည်။ ဂျက်ဆင်နှင့် နီးစပ်သူ အချို့တို့က ၎င်းသည် လန်ဒန်မြို့ ဖျော်ဖြေပွဲကြီးကို အကြီးအကျယ် အာရုံ စိုက်နေခြင်းသည်လည်း ထိုမှရသော ငွေကြေးဖြင့် အကြွေးများ ဆပ်နိုင်မည်ဟု မျှော်လင့်နေသဖြင့် ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။

ဂျက်ဆင် အနေနှင့် ၎င်း ရှာဖွေနိုင်သော ငွေကြေး ပမာဏထက် နှစ်စဉ်ဒေါ်လာ သန်း(၂၀) မှ သန်း(၃၀)အထိ ပိုသုံးခဲ့ကြောင်း စစ်တမ်းတစောင် က ဆိုသည်။ ထို့အပြင် Pop ဘုရင်ကြီး ကွယ်လွန်ချိန်တွင် ကျန်ခဲ့သော အကြွေးပမာဏမှာ ဒေါ်လာသန်း (၄၀၀) ကျော်အထိ ရှိနိုင်ကြောင်းလည်း သတင်းများ ထွက်ပေါ် နေပြီး၊ မိသာစုအတွင်း ဝိဝါဒကွဲပြားစရာ မိသားစု အတွင်းရေး ပဋိပက္ခများလည်း ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here