လစ်ဗြား အစည်းအဝေးသို့ တက်ရောက်မည့် အစီအစဉ် အီရန်သမတ ပယ်ဖျက်

alt

အီရန်သမတ မိုဟာမက် အာမက်ဒီနီဂျက် သည် လစ်ဗြားနိုင်ငံတွင် ကျင်းပမည့် အာဖရိက နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်ရန် အစီအစဉ်အား ပယ်ဖျက် လိုက်ကြောင်း သိရှိရသည်။

မူလက အာမက် ဒီနီဂျက်၏ ခရီးစဉ်အား ဇူလိုင်လ (၁)ရက်နေ့တွင် စီစဉ်ထားသော်လည်း ယခုအခါ ဖျက်သိမ်းလိုက်ကြောင်း အီရန်အစိုးရ တာဝန်ရှိသူများက ကြေညာသည်။ အစိုးရမှ တစိတ်တဒေသ ပိုင်ဆိုင်သော Fars သတင်းဌာနက ကြေညာခဲ့ရာတွင် သမတ အနေနှင့် ယခုခရီးစဉ်အား ဖျက်သိမ်းခဲ့ရခြင်း အတွက် စိတ်မကောင်းသော်လည်း လိုအပ်ချက်များ အရ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း ပါရှိသည်။

အီရန် အစိုးရပိုင် IRNA သတင်းဌာနက ထိုနေ့ မတိုင်မီ ကြေညာခဲ့ရာတွင် အာမက် ဒီနီဂျက်သည် အစည်းအဝေးသို့ တက်ရောက်မည်ဟု ဖော်ပြခဲ့ကြသည်။

အီရန်နိုင်ငံတွင် ဆန္ဒပြမှုများ အင်အား လျော့ပါးသွားပြီဖြစ်ပြီး အာမက် ဒီနီဂျက်သည် ရွေးကောက်ပွဲတွင် စစ်မှန်စွာ အနိုင်ရရှိခဲ့ကြောင်း ပါလီမန်က ကြေညာခဲ့သော်လည်း အီရန် ထောက်လှမ်းရေးက အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ပြီး အာမက် ဒီနီဂျက် လစ်ဗြား ခရီးစဉ်အား ပယ်ဖျက်လိုက်ခြင်းသည် လုံခြံုရေး ကိစ္စအချို့နှင့် ဆက်နွယ်ဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here