ဗလန်စီယာ သည် စီရော်နာဒို ကဲ့သို့ပင် အစွမ်းထက်ကြောင်း ဖာဂူဆန် သုံးသပ်

alt

မိမိအသင်းသို့ ရောက်ရှိလာသော အန်တိုနီယို ဗလန်စီယာ သည် ခရစ်စတီယာနို ရော်နာဒို ကဲ့သို့ အစွမ်း ထက်မြက်ကြောင်း မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက် ဖာဂူဆန်က ပြောကြားလိုက်သည်။

၀ီဂန် အက်သလက်တစ်တွင် ကစားနေသည့် အသက် (၂၃)နှစ် အရွယ် အီကွေဒေါ လက်ရွေးစင် တောင်ပံတိုက်စစ်မှူး သည် ဇွန်လ (၃၀)ရက်နေ့က မန်ချက်စတာသို့ ပေါင် (၁၆)သန်းကျော်ဖြင့် ပြောင်းရွှေ့ ရောက်ရှိလာပြီ ဖြစ်သည်။ ၎င်းသည် မန်ချက်စတာ အတွက် ယခုနှစ် ဘောလုံးရာသီ၏ ပထမဆုံး စာချုပ်ခေါ်ယူခြင်း ခံရသော ကစားသမားလည်း ဖြစ်လာခဲ့သည်။

ဗလန်စီယာ အား မန်ချက်စတာ နည်းပြကြီး ဖာဂူဆန်က ကာလရှည်ကြာစွာ စောင့်ကြည့် နေခဲ့ပြီးနောက် ရီးရဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့သွားသည့် ရော်နာဒို နေရာအတွက် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ဖာဂူဆန်က နောက်ထပ် ဘောလုံးသမား အချို့ကိုလည်း ခေါ်ယူသွားဦးမည် ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး လိုင်ယွန် မှ ကီရာ ဘန်ဇီမာမှာ အလားအလာ အကောင်းဆုံးအဖြစ် သတင်း ထွက်နေခဲ့သည်။

ဘန်ဇီမာအား မန်ချက်စတာက ပေါင် (၃၈)သန်းဖြင့် ခေါ်ယူပြီး အသင်းမှ ထွက်ခွာမည့် ကားလို့စ် တီဗက်စ် နေရာ အစားထိုး နိုင်ဖွယ်ရှိကြောင်း ဖာဂူဆန် ကိုယ်တိုင်ကလည်း ၀န်ခံလိုက်သည်။ ဖာဂူဆန်က အသင်းမှ ရော်နာဒို နှင့် တီဗက်စ်တို့ ထွက်ခွာသွားလျှင်လည်း ထူးထူးခြားခြား အင်အား ယုတ်လျော့သွားမည် မထင်ကြောင်း၊ အသင်းသို့ အရည်အချင်းရှိပြီး စွမ်းဆောင်ရည် ပြည့်ဝသော ကစားသမား အသစ်များ ရောက်ရှိလာရန် ကြိုးစားနေကြောင်း ဗလန်စီယာ နှင့် စာချုပ်ထိုးပွဲ အပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဗလန်စီယာသည် မန်ချက်စတာတွင် တပါတ်ကစားကြေး ပေါင်(၅၅၀၀၀)ဖြင့် (၄)နှစ် စာချုပ်တရပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here