Charlie’s Angels မင်းသမီး ဈာပန အခမ်းအနား ကျင်းပပြီးစီး

alt

မင်းသမီး ဖယ်ရာဖောဆက် ၏ ဈာပန အခမ်း အနားသို့ ဟောလီးဝုဒ်မှ နာမည်ကျော်များ တက်ရောက် ခဲ့ကြ ကြောင်း သိရှိ ရသည်။

ဇွန်လ (၂၅)ရက် နေ့က ကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားသည့် Charlie’s Angels ဇာတ်ကားမှ မင်းသမီးဟောင်း အတွက် ကြေကွဲဖွယ်ရာ အပြီးအပိုင် နှုတ်ဆက်ပွဲ အခမ်းအနားကို ဇွန်လ (၃၀)ရက် နေ့က လော့အိန်ဂျယ်လ်လိစ် ဘုရားကျောင်းတွင် ပြုလုပ်ခဲ့သည်။

မင်းသမီး ၏ လက်မထပ်ပဲ အတူနေ ချစ်သူဖြစ်သည့် အသက် (၆၈)နှစ် အရွယ် မင်းသားကြီး ရိုင်ယန်အိုနေးလ် မှာ အလွန် ကြေကွဲနေဟန် ရှိပြီး ဖောဆက် ၏ ဖခင်ဖြစ်သူ ဂျိမ်းဖောဆက်မှာ Lady of the Angels ဟု တင်စားခံရသည့် သမီးအား အသုဘယာဉ်က တင်ဆောင် သွားသည်ကို ယူကြံုးမရ ကြည့်နေရှာကြောင်း မျက်မြင်များက ပြောကြားခဲ့ကြသည်။

လူဆိုးလေးဟု နာမည်ကြီးနေသည့် ရိုင်ယန် နှင့် ဖောဆက် တို့၏ အသက် (၂၄)နှစ် အရွယ် သားငယ် ရေမွန်ကို အထူးအခွင့်အရေး အဖြစ် ရဲဌာနက ထောင်မှ ခေတ္တ လွှတ်ပေးပြီး မိခင်၏ ဈာပနသို့ တက်ရောက်ခွင့် ပြုခဲ့သည်။ သို့သော်လည်း ၎င်း၏ဘေးတွင် ရဲ အစောင့်အရှောက် (၂)ဦး တို့က အချိန်ပြည့် ရှိနေခဲ့ကြပြီး၊ ရေမွန်သည် မူးယစ် ဆေးဝါးမှုဖြင့် ထောင်ဒါဏ် ကျခံနေရသူ ဖြစ်၏။ ရေမွန်အား တရားရုံးက ဖောဆက် မကွယ်လွန်မီ အချိန်ကတည်းက ဆေးရုံသို့ သွားရောက်ပြီး မိခင်ဘေးတွင် နေခွင့် ပြုထားခဲ့ခြင်းလည်း ဖြစ်သည်။

ဈာပန အခမ်းအနားသို့ ဖောဆက် နှင့်အတူ Charlie’s Angels တွင် တွဲဖက် သရုပ်ဆောင်ခဲ့သည့် ကိတ်ဂျက်ဆင်လည်း တက်ရောက်ခဲ့ပြီး ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် အနက်ရောင် ၀တ်စုံနှင့် နေကာမျက်မှန် တို့ကို တပ်လာခဲ့ကြသည်။ ယခု ဈာပနသို့ ပရိသတ်များလည်း ကြေကွဲစွာ လာရောက် စုရုံးခဲ့သော်လည်း လုံခြံုရေးအတွက် ရဲများက အတန်ငယ် ကွာဝေးသော နေရာ အထိသာ ကပ်ခွင့်ပြုရန် သတ်မှတ်ပေး ထားခဲ့ကြသည်။ ဖောဆက်သည် ကွယ်လွန်ချိန်တွင် အသက် (၆၂)နှစ် ရှိပြီဖြစ်ပြီး ကင်ဆာရောဂါကို (၃)နှစ်ကျော်မျှ အသည်းအသန် ခံစားခဲ့ရရှာကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here