မိုဘိုင်းလ် ဖုန်းဘက်ထရီများ စံသတ်မှတ်ရေး သဘောတူညီမှုရ

alt

Apple နှင့် အခြားသော မိုဘိုင်းလ်ဖုန်း ကုမ္မဏီကြီးများက အနာဂတ်တွင် မိုဘိုင်းလ်ဖုန်း ဘက်ထရီ Charger များ ကို တမျိုးတစားတည်း စံသတ်မှတ်ရန် သဘောတူညီ လိုက်ပြီဖြစ်သည်။

ဥရောပ ကော်မရှင်နှင့် သဘောတူညီမှု ရရှိပြီးနောက် အဆိုပါ အစီအစဉ်ကို ဥရောပဒေသတွင် လာမည့်နှစ်မှ စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရှိရသည်။ ယခု သဘောတူညီမှုတွင် LG၊ Motorola၊ Nokia၊ Sony Ericsson နှင့် Samsung တို့ကဲ့သို့ မိုဘိုင်းလ်ဖုန်း ကုမ္မဏီကြီးများလည်း ပူးပေါင်းပါ၀င်ခဲ့ပြီး Charger စနစ်ကို Micro USB ဖြင့်သာ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခု သဘောတူညီမှုကြောင့် (၂၀၁၂) မတိုင်မီ မိုဘိုင်းလ် ဖုန်းတိုင်း Micro USB များဖြင့် ချိတ်ဆက်ရန် မျှော်လင့်ချက်မှာ ပိုမို နီးစပ်လာပြီ ဖြစ်သည်။ ယခု ဆွေးနွေးမှုသည် မိုဘိုင်းလ်ဖုန်း ထုတ်လုပ်ရေး ကုမ္မဏီများ အတွက်ရော၊ အသုံးပြုသူများ အတွက်ပါ အလွန် အရေးပါသော ကောင်းကျိုးများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း Apple မှဆိုသည်။ Micro USB များကို အသုံးပြုခြင်းဖြင့် iPod ကဲ့သို့ Portable အိတ်ဆောင် မီဒီယာများ ကဲ့သို့ပင် ဖုန်းတိုင်းသည် ကွန်ပျူတာနှင့် အလွယ်တကူ ချိတ်ဆက် နိုင်တော့မည်ဖြစ်သည်။

Apple အနေနှင့် ၎င်း၏ iPhone နောက်ထပ် မျိုးဆက်များတွင် Micro USB စနစ်သို့ ပြောင်းလဲသွားရန် စတင် စီစဉ်နေပြီဟု သိရှိရသည်။ ထို့အတူ Sony Ericsson ကလည်း အစည်းအဝေး ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း၊ ၎င်းတို့သည်လည်း Charger များကို Micro USB သို့ ပြောင်းလဲရန် အစီအစဉ် ရေးဆွဲနေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

အခြားသော မိုဘိုင်းလ်ဖုန်း ကုမ္မဏီကြီး များကလည်း နောက်ထပ် ထွက်ရှိမည့် မော်ဒယ်လ်သစ် မိုဘိုင်းလ်ဖုန်းများတွင် Micro USB ကို စံနှုန်း သတ်မှတ်ပြီး ပြောင်းလဲ တပ်ဆင်ပေးသွားရန် ပြင်ဆင်လျှက် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here