āအတော် ကံဆိုးရှာတဲ့ ဂျာမနီနိုင်ငံမှ သူခိုး

alt

ဂျာမနီနိုင်ငံမှ သူခိုး တစ်ဦးသည် ကြံကြံဖန်ဖန် အမှားတစ်ခုကို ကျူးလွန်မိပြီးနောက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံလိုက်ရကြောင်း သိရှိရသည်။

နိုင်ငံတောင်ပိုင်းရှိ တူဘင်ဂမ်မြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက အသက် (၄၆)နှစ် အရွယ် ပုဂ္ဂိုလ်တစ်ဦးအား ခိုးရာပါ ပစ္စည်းကို ပိုင်ရှင်ထံ ပြန်ရောင်းခဲ့သဖြင့် ဖမ်းဆီးလိုက်ကြောင်း အတည်ပြု ကြေညာခဲ့သည်။ အဆိုပါသူခိုးသည် ပန်းဥယျာဉ်သုံး မြက်ရိတ် စက်တစ်လုံးကို ခိုးယူလာခြင်း ဖြစ်ပြီး Online မှတဆင့် ပြန်ရောင်းရန် ကြိုးစားရာ ကံမကောင်းစွာဖြင့် ပိုင်ရှင်အား ရောင်းချမိခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် ပိုင်ရှင်က သူခိုးဖြစ်သူနှင့် ပစ္စည်း၏ အပြစ် အနာအဆာများအား စစ်ဆေးရန် တွေ့ဆုံလိုကြောင်း ချိန်းဆိုခဲ့ပြီး သွားရောက် ကြည့်ရှုရာ အခိုးခံ ထားရသည့် ၎င်း၏ မြက်ရိတ်စက် ဖြစ်နေကြောင်း သိရှိခဲ့ရသည်။ ပိုင်ရှင်က ခေတ္တမျှ အချိန်ဆွဲထားပြီး ရဲအား အကြောင်းကြားခဲ့ သဖြင့် ရဲက မြက်ရိတ်စက် ခိုးသူအား ဖမ်းဆီးလိုက်သည်။

အဖမ်းခံရသူက ၎င်းသည် ထိုမြက်ရိတ်စက်ကို တင်းကုပ် တစ်ခုအတွင်း တွေ့ရှိပြီးနောက် ဖေဖော်ဝါရီလက ခိုးယူခဲ့သည်ဟု ရဲထံတွင် ဖြောင့်ချက်ပေးခဲ့သည်။ ထို့နောက်တွင် မြက်ရိတ်စက်ကို အင်တာနက် ရောင်းဝယ်ရေး ၀ဘ်ဆိုဒ်ဖြစ်သည့် eBay မှတဆင့် ရောင်းချရန် ကြိုးစားခဲ့ရာမှ ပိုင်ရှင်နှင့် တည့်တည့် တိုးခြင်းဖြစ်ကြောင်း ရဲဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here