လက်ထပ် ပြီးစမှာပင် ပြန်လည် ကွာရှင်းလိုက်သည့် ဂျာမနီစုံတွဲ

alt

ဂျာမနီနိုင်ငံမှ ညားကာစ စုံတွဲ တတွဲသည် လက်ထပ်ပြီးသည့် နေ့မှာပင် ပြဿနာ တက်ပြီး ကွာရှင်း လိုက်ရကြောင်း သိရှိရသည်။

ဂျာမနီ နိုင်ငံတွင် နေထိုင်သည့် ပိုလန်လူမျိုး လင်မယားသည် ဇွန်လ (၂၄)ရက် နေ့က လက်ထပ်ခဲ့ပြီး ဟန်းနီးမွန်း ထွက်ရန် ပြင်ဆင်နေရင်း စကားများ ကြခြင်း ဖြစ်သည်။

နိုင်ငံမြောက်ပိုင်း ဟန်နိုဗာမြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အမျိုးသားသည် ၎င်း၏ ဇနီးသည် မျက်နှာကို လုံးဝ မမြင်ချင်တော့ကြောင်း ပြောကြားခဲ့သလို မယား ဖြစ်သူကလည်း ထိုအတိုင်း ဆန္ဒရှိနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

အသက် (၅၀) အရွယ်ရှိ ခင်ပွန်းသည်က စ၍ စကားများ ရန်ဖြစ်ပြီးနောက် မီးဖိုချောင်သုံး ဓားတစ်လက်ဖြင့် သူမ၏ ဆံပင်ကိုဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း အမျိုးသမီးက ရဲထံသို့ တိုင်ကြားခဲ့သည်။ အသက် (၃၄)နှစ်အရွယ် ဇနီးသည်က ထိုကိစ္စအတွက် ရဲအား ဖုန်းဆက်ခဲ့ပြီးနောက် ပြဿနာမှာ ပိုမို ကြီးကျယ်လာပြီး ဟန်းနီးမွန်း မထွက်ခင် ကတည်းက ခွာပြဲ သွားကြခြင်း ဖြစ်သည်။

ဇနီးသည်က ရဲများရှေ့တွင် ၎င်း၏ ခင်ပွန်းအား အိမ်မှဆင်းရန် အော်ငေါက်ခဲ့ပြီး ယောက်ျား ဖြစ်သူကလည်း ချက်ချင်းလိုလိုပင် ထွက်ခွာသွားကြောင်း ရဲများက ဆိုသည်။

နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ၀င်ရောက် ညှိနှိုင်းပေးကြ သော်လည်း စိတ်မပြေ ကြသောကြောင့် ခင်ပွန်းသည် ခမျာ ၎င်း၏ ရင်ခုန်ဖွယ်ရာ မရှိတော့သော မင်္ဂလာဦး ညကို အိုးမဲ့အိမ်မဲ့များ အတွက် ဆောက်လုပ် ပေးထားသော ကယ်တင်ခြင်း ဂေဟာ တွင်သာ အိပ်စက် လိုက်ရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here