အမေရိကန် နည်းပညာ ဈေးကွက်ကျဆင်းမှု အဆိုးဆုံး ကာလကို ဖြတ်ကျော်နိုင်ခဲ့ပြီဟု ဆို

alt

အမေရိကန်၏ နည်းပညာ ဈေးကွက်တွင် စီးပွားရေး အရ ကျဆင်း ဆုတ်ယုတ် နေမှုမှာ အဆိုးရွားဆုံး ကာလကို ဖြတ်ကျော် နိုင်ခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် အခြေစိုက် Forrester သုတေသန လုပ်ငန်းက ဇွန်လ (၃၀)ရက်

နေ့တွင် ကြေညာလိုက်သည်။

(၂၀၀၉) ခုနှစ် နှောင်းပိုင်းတွင် IT လုပ်ငန်း အပါအဝင် အခြားသော နည်းပညာ လုပ်ငန်းများသည် ခပ်ဖြည်းဖြည်း ပြန်၍ အရှိန်ရ လာနိုင်ကြောင်း Forrester က ဆိုသည်။ ယခင်က အမေရိကန်၏ နည်းပညာ လုပ်ငန်းများသည် ကမာ္ဘ့ စီးပွားပျက် ကပ်ဒဏ် ခံရပြီးနောက် (၂၀၀၉) ခုနှစ် အတွင်း နာလံ ထူလာဖွယ် မရှိဟု သုတေသီများက သုံးသပ် ခဲ့ကြသော်လည်း ယခု လတ်တလော နည်းပညာ ဈေးကွက်၏ ကျဆင်းမှုမှာ သာမန်အောက် (၅) ရာခိုင်နှုန်းသာ ရှိတော့ကြောင်း သိရှိရသည်။ (

၂၀၀၉) အကုန်တွင် (၃) ရာခိုင်နှုန်း အောက်တွင်သာ ရှိနိုင်တော့မည်ဟု Forrester က ဆိုသည်။ (၂၀၁၀) ခုနှစ် အလယ်လောက် တွင်မူ တိုးတက်မှုများကို ပြန်လည် ပိုင်ဆိုင် နိုင်လာဖွယ်ရှိကြောင်း ပညာရှင်များက ခန့်မှန်း ထားကြသည်။

ကမာ္ဘ့ စီးပွား ပျက်ကပ်ကြောင့် အမေရိကန်၏ နည်းပညာ လုပ်ငန်းများ အားလုံး၏ ဆုံးရှုံးမှု တန်ဖိုးမှာ (၁၁) ရာခိုင်နှုန်း အထက် အထိ (၂၀၀၉) ခုနှစ် အစောပိုင်းက ရောက်ရှိသွားခဲ့သည်။ အဆိုးရွားဆုံး ကာလများကို ကျော်လွန်ခဲ့ပြီ ဖြစ်ကြောင်း၊ အမေရိကန်၏ နည်းပညာ လောကအတွက် အနာဂတ်တွင် အကောင်းများကိုသာ မျှော်လင့် နိုင်တော့မည် ဖြစ်ကြောင်း Forrester က ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here