ပါတို အား မရောင်းချရန် ကာကာ တိုက်တွန်း

alt

ရီးရဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့လာခဲ့သူ ရီကာဒို ကာကာ က အလက်ဇန်းဒါး ပါတို အား လုံးဝ မရောင်းချရန် အေစီမီလန် အား တိုက်တွန်း လိုက်သည်။

အသက် (၁၉)နှစ် အရွယ် ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူးလေးသည် ရှားရှားပါးပါး ရတနာလေး တခုအဖြစ် ကာကာ က ချီးကျူးခဲ့ပြီး ၎င်းသည် အေစီမီလန် အတွက် တောက်ပသော အနာဂတ်ကို ဆောင်ကျဉ်း ပေးလိမ့်မည်ဟု ကာကာ က ဆိုသည်။

၎င်းကိုယ်တိုင် ရီးရဲလ်သို့ ပြောင်းရွှေ့ခဲ့သော်လည်း နိုင်ငံလက်ရွေးစင် ကစားဖော်လေးအား အသင်းတွင် ဆက်လက် ထားရှိသင့်ကြောင်း ကာကာ က ဆို၏။ ပါတိုကို ရောင်းချခဲ့ပါက အေစီမီလန် အတွက် အကြီးအကျယ် မှားယွင်းမှု ဖြစ်လာနိုင်ကြောင်း ကာကာ က သတိပေးခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် ကာကာက အေစီမီလန် တိုက်စစ်တွင် ပါတို နှင့် တွဲကစားနိုင်ရန် ဘရာဇီး လက်ရွေးစင် လူးဝစ် ဖေဘီယာနို ကိုပါ ခေါ်ယူသင့်ကြောင်း ပြောကြားခဲ့သည်။

အေစီမီလန် နှင့် ဘရာဇီး အသင်းတို့ ကစားဟန်မှာ ခပ်ဆင်ဆင်တူသဖြင့် ဘရာဇီး လက်ရွေးစင်များဖြင့် အားဖြည့်ပါက သင့်တော်မည် ထင်ကြောင်း ကာကာက သုံးသပ်ခဲ့သည်။

လက်ရှိ အချိန်တွင် ပါတိုမှာ အေစီမီလန်တွင် မတည် မငြိမ်ဖြစ်နေပြီး အေစီမီလန် နည်းပြဟောင်း ကာလို့(စ်) အန်ဆလော့တီ ကိုင်တွယ်နေသည့် ချဲလ်ဆီးသို့ ပြောင်းရွှေ့မည်ဟု သတင်းကြီးနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here