ယခု လူပြောများနေသည့် Public Enemies သရုပ်ဆောင်နှစ်ဦး ဇာတ်လမ်းဖြစ်နေဟု ထင်ကြေးပေး

alt

ဂျွန်နီဒိ(ပ်) သည် Public Enemies ဇာတ်ကားတွင် တွဲဖက် သရုပ်ဆောင် ခဲ့သော မင်းသမီးနှင့် ဇာတ်လမ်း စနေပြီဟု ထင်ကြေး ပေးမှုများ ပြန့်နှံ့လျှက် ရှိသည်။

Pirates of Caribbean မင်းသားသည် ပြင်သစ် မင်းသမီးချော မာရီယွန် ကော်တီလက် နှင့် ပဲရစ် မြို့တော်တွင် ပြင်သစ် ဘာသာဖြင့် လျှို့ဝှက်တီးတိုး ပြောဆို နေကြသဖြင့် ၎င်းတို့နှစ်ဦး ဘာပြော နေသည်ကို ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့များက မသိရှိခဲ့ကြ နိုင်ပေ။

အသက် (၄၆)နှစ် အရွယ် မင်းသား ကလည်း ၎င်းနှင့် ကော်တီလက် တို့သည် အခြားသူများ မသိ စေလိုသည့် အကြောင်းများကို ပြင်သစ် ဘာသာ စကားဖြင့်သာ ပြောဆို ခဲ့ကြောင်း ၀န်ခံခဲ့ပြီး၊ အသက် (၃၃)နှစ်ရှိ မင်းသမီး ကလည်း ဒိ(ပ်)၏ ပြင်သစ်စကားပြော စွမ်းရည်မှာ အလွန် ကောင်းမွန်ကြောင်း ပြောဆိုခဲ့သော်လည်း သူမတို့ နှစ်ဦး တွတ်ထိုးနေခဲ့သည့် အကြောင်းအရာကို မေးမြန်းသည့် အခါ ရယ်ကျဲကျဲဖြင့် ဖြေဆိုရန် ငြင်းဆန်ခဲ့ကြောင်း Public Enemies ရုပ်ရှင် အဖွဲ့သားများက ပြောကြားခဲ့ကြသည်။

ဒိ(ပ်)သည် လတ်တလောတွင် ကာလကြာရှည်စွာ လက်တွဲလာသော ချစ်သူ ဗင်နက်ဆာ ပရာဒစ် နှင့်အတူ ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် နေထိုင်လျှက်ရှိပြီး၊ ဒိ(ပ်)တို့ စုံတွဲနှင့်အတူ လီလီရို့စ် နှင့် ဂျက်တို့ ကလေးနှစ်ဦးလည်း အတူရှိနေသည်။ ဒိ(ပ်)က ကော်တီလက်သည် စကားပြောရ အဆင်ပြေပြီး နှစ်လိုဖွယ် မင်းသမီးတစ်ဦးဟု ၀န်ခံထားသော်လည်း ကော်လက်တီ နှင့် ဇာတ်လမ်း ဖြစ်နေသော သတင်းများကို ငြင်းဆန်ထားသည်။

သို့သော်လည်း ၎င်းတို့နှစ်ဦး ပြင်သစ် စကားဖြင့် တွတ်ထိုး နေသည်ကို ကိုယ်တွေ့ မြင်ခဲ့သူများက မင်းသား နှင့် မင်းသမီးတို့ မရိုးသားကြောင်း ခန့်မှန်း တွေးထင် နေကြဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here