āရွေးကောက်ပွဲ ပြန်လည် ပြုလုပ်မည် မဟုတ်ဟု အီရန် ပါလီမန်ကြေညာ

alt

အီရန် ပါလီမန်က ရွေးကောက်ပွဲ လုံးဝ ပြန်လည် ပြုလုပ်မည် မဟုတ်ကြောင်း ဇွန်လ (၃၀)ရက်နေ့က အတည်ပြု ကြေညာ လိုက်သည်။

၎င်းတို့ အနေနှင့် မဲများကို ပြန်လည် ရေတွက်ပြီးနောက် မဲအရေအတွက်များ အားလုံးတို့မှာ မှန်ကန်မှု ရှိသည်ဟု ပါလီမန်က ဆိုသည်။ ထိုကြေညာချက်သည် သမတ မိုဟာမက် အာမက် ဒီနီဂျက်အား အပြင်းအထန် ဆန့်ကျင်ဆန္ဒပြနေသည့် အတိုက်အခံ အင်အားစုများ အတွက် ကြီးမားသော ထိုးနှက်ချက် တခု ဖြစ်လာခဲ့ရသည်။

ပါလီမန် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အဘက် အလီကက် ဟိုဒေးက အစိုးရပိုင် ရုပ်မြင်သံကြားဌာနမှ ပြောကြားခဲ့ရာတွင် မဲများကို ရေတွက်ပြီး ဖြစ်ကြောင်း၊ ယခု ရလဒ်သာ အတည်ဖြစ်ပြီး ထိုကိစ္စအတွက် မှတ်တမ်းမှတ်ရာ အားလုံးတို့ကို အပြီးသတ် သိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်း ပါရှိခဲ့သည်။

ပါလီမန်သည် ယခင်က မဲရေတွက်မှုတွင် မသမာမှုအချို့ ရှိနေခဲ့ကြောင်း ၀န်ခံခဲ့သော်လည်း ယခုအခါတွင် မဲအရေအတွက် အားလုံးမှာ မှန်ကန်နေကြောင်း လေသံ ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုကြေညာချက်အရ အာမက် ဒီနီဂျက် အနေနှင့် အနီးကပ်ဆုံး ပြိုင်ဘက်ထက် မဲအရေအတွက် (၃)ဆမျှ သာနေသည်ဟု အဓိပ္ပါယ် သက်ရောက် သွားခဲ့စေသည်။

၎င်းတို့ အနေနှင့်စည်းမျဉ်း ဥပဒေနှင့်အညီ အကောင်းဆုံး ဆောင်ရွက်ခဲ့ကြောင်း၊ အာမက် ဒီနီဂျက် သမတ အဖြစ် ရွေးကောက် ခံရခြင်းသည် ပြောင်းလဲ၍ မရနိုင်ကြောင်း ကက်ဟိုဒေး က ရပြ်မြင်သံကြားမှ တဆင့် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here