အကြီးဆုံး ကြက်ဥ စံချိန်တင်နိုင်ရန် တရုတ် လယ်သမား စိတ်ကူးနေ

alt

တရုတ်နိုင်ငံမှ လယ်သမား တစ်ဦးသည် ၎င်း၏ ကြက်မတစ်ကောင် ဥလိုက်သော ကြက်ဥအတွက် ဂင်းနစ် မှတ်တမ်း စာအုပ်တွင် စံချိန် တင်ခွင့်ရရန် စိတ်ကူး ယဉ်လျှက် ရှိနေသည်။

ဇန်ယီဒင်သည် ဟေလွန်ဂျင်းခရိုင်၊ ဆူလင်း အရပ်ရှိ ကြက်ခြံတစ်ခုကို ပိုင်ဆိုင်သော လယ်သမား တစ်ဦးဖြစ်ပြီး ၎င်း မွေးမြူထားသော ကြက်မ တစ်ကောင်မှ ဧရာမ ဥကြီးတစ်လုံးကို ဥခဲ့သဖြင့် ယခုလို ကမာ္ဘ့စံချိန် တင်ခွင့်ရရေး မျှော်လင့် နေခြင်း ဖြစ်သည်။

အဆိုပါ ဥကြီးသည် အကျယ် (၆.၃) စင်တီမီတာ နှင့် အရှည် (၉.၂) စင်တီမီတာ ရှိသည်။ အလေးချိန်အားဖြင့် (၂၀၁) ဂရမ်လေးသည်။ ဇန်က ၎င်းသည် ဂင်းနစ်မှတ်တမ်း စာအုပ်ကို လှန်လှော ကြည့်ရှုခဲ့ကြောင်း၊ လက်ရှိ စံချိန်တင်ထားသည့် ကြက်ဥမှာ (၁၇၆) ဂရမ်သာ အလေးချိန် ရှိသဖြင့် ၎င်း၏ ကြက်ဥသည် ကမာ္ဘ့စံချိန်ကို ချိုးနိုင်မည်ဟု ယုံကြည်ကြောင်း ဇွန်လ (၃၀)ရက်နေ့က ဒေသခံ သတင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

ယခု ကြက်ဥကြီးသည် အရွယ်အားဖြင့် ကြီးမားသော်လည်း သမားရိုးကျ ကြက်ဥများနှင့် ပုံသဏ္ဍန်ရော၊ တည်ဆောက်မှုပါ ကွဲလွဲခြင်း မရှိကြောင်း၊ သို့သော်လည်း အခွံမှာ ပိုထူမည် ထင်ကြောင်းလည်း ဇန်က သတင်း မီဒီယာများသို့ ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here