Apple CEO စတိဂျော့ဘ် အလုပ် ပြန်ဆင်းပြီ

alt

Apple ကုမ္မဏီကြီး၏ CEO ဖြစ်သူ စတိဂျောဘ့် သည် (၆) လမျှ ဆေးဝါးကုသမှု ခံယူပြီးနောက် ဇွန်လ (၂၉) ရက်နေ့မှ စကာ အလုပ်ခွင် ပြန်ဝင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

Apple ၏ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည် စတိဒေါလင်းက ဂျော့ဘ် ပြန်လာသည့် သတင်းအား Bloomberg သတင်းဌာနသို့ ဆက်သွယ် ပြောကြားခဲ့သည်။ ဒေါလင်း၏ အဆိုအရ ဂျော့ဘ်သည် တပါတ်လျှင် ရက်အနည်းငယ်မျှ Apple သို့ လာရောက်နိုင်မည် ဖြစ်ပြီး ကျန်ရက်များကို နေအိမ်တွင်သာ အနားယူရင်း ကုန်ဆုံးမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အသက် (၅၄)နှစ် အရွယ် ဂျော့ဘ်သည် ကျန်းမာရေး ဆိုးရွားလာမှုကြောင့် အသည်းအစားထိုး ကုသမှုကို ခံယူခဲ့ရပြီးနောက် ဈေးကွက်အတွင်း Apple ၏ ရှယ်ယာတန်ဖိုးများ ကျဆင်းခဲ့ရာ ယခုအခါ ဂျော့ပြန်လည် တာဝန် ထမ်းဆောင်နေသဖြင့် Apple အတွက် သတင်းကောင်းတခု ဖြစ်လာခဲ့သည်။

ဇွန်လ (၂၃)ရက်နေ့က မက်သတစ် ဆေးရုံက ဂျော့ဘ်သည် အသည်းခွဲစိတ်မှု တစ်ခုကို အောင်မြင်စွာ ခံယူနိုင်ခဲ့ကြောင်း၊ ကျန်းမာရေး အခြေအနေ လုံးဝ စိတ်ချရပြီးနောက် မကြာမီ CEO တာဝန်များ ပြန်လည် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း ကြေညာခဲ့သေးသည်။

သို့သော်လည်း Apple က ဂျောဘ့်၏ ခွဲစိတ်မှု အခြေအနေ အသေးစိတ်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြရန် နှုတ်ဆိတ် နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here