အမေရိကန် တပ်များ အီရတ်မှ ဆုတ်ခွာပြီ

alt

အီရတ်တွင် တပ်စွဲထားသော အမေရိကန် တပ်များသည် ဇွန်လ (၃၀)ရက် နေ့မှ စတင်ပြီး မြို့ကြီးများမှ ပြန်လည် ရုတ်သိမ်းနေပြီ ဖြစ်သည်။

အမေရိကန် စစ်ဘက်က အရှေ့ အလယ်ပိုင်းဒေသ နိုင်ငံအတွင်း ကာလ ကြာမြင့်စွာ တပ်စွဲ ထားခဲ့ရသော ၎င်းတို့၏ စစ်ဆင်ရေးမှာ အပြီးသတ်ပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။ အမေရိကန် စစ်တပ်များသည် ၎င်းတို့၏ သက်ဆိုင်ရာ တပ်စခန်းများနှင့် လုံခြံုရေးရာ ကိစ္စရပ်များအား အီရတ်စစ်တပ် နှင့် ရဲများထံသို့ ပြန်လည် လွှဲပြောင်းပြီး ထွက်ခွာနေပြီဟု သိရှိရသည်။

ယမန်နေ့ ညတွင် တိုက်ခိုက်ရေး တပ်များအားလုံး မြို့အသီးသီးရှိ အခြေစိုက် စခန်းများမှ ပြန်လည် ထွက်ခွာမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပင်တဂွန် စစ်ဌာနချုပ် ကမူ တစုံတရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

ဇွန်လ (၂၉)ရက်နေ့ ည ကတည်းက အမေရိကန် စစ်တပ်များ ပြန်လည်ထွက်ခွာမည့် ကိစ္စအတွက် ပျော်ရွှင်စွာ ဖောက်ခွဲခဲ့သော မီးရှူးမီးပန်းများမှာ ဘဂ္ဂဒက်မြို့ ကောင်းကင်ယံတွင် ထွန်းလင်း တောက်ပနေသလို ဗြောက်အိုးများမှာလည်း ဗုံးခွဲသကဲ့သို့ ဆူညံနေကြောင်း ကိုယ်တွေ့ ကြံုခဲ့သူများက ဆိုသည်။ ဘဂ္ဂဒက် မြို့ခံတစ်ဦးက ၎င်းတို့အားလုံး အလွန် ပျော်ရွှင်နေကြကြောင်း၊ အမေရိကန် တပ်များ ပြန်လည် ရုတ်သိမ်းသွားမှု အတွက် ရှီးယိုက်၊ ဆွန်နီ နှင့် ကဒ် လူမျိုးများ အားလုံး တသွေးတည်း တသားတည်း အောင်ပွဲခံ ခဲ့ကြကြောင်း သတင်းထောက်များထံ ပြောကြား သွားခဲ့ကြသည်။

ထို့အပြင် အီရတ် အစိုးရကလည်း အချုပ်အခြာအာဏာ ပြန်လည်ပိုင်စိုးသည့် အမျိုးသား လွတ်မြောက်မှုနေ့ အဖြစ် သတ်မှတ်ကာ အစိုးရ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here