ရန်ကုန်လေဆိပ် ၌ A (H1N1) ရောဂါ စစ်ဆေးမှု အားနည်း

alt

ဇွန်လ ၂၇ ရက်နေ့က စင်ကာပူ မှ ပြန်လာသော အသက် ၁၃ နှစ် အရွယ်ကျောင်းသူ တဦးထံ၌ A (H1N1) ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး၊ မြန်မာ နိုင်ငံ တွင် ပထမဦးဆုံး ဝက်တုပ်ကွေး ဖြစ်ပွားသူ အဖြစ် သတ်မှတ် ကြောင်း

မြန်မာ့ရုပ်မြင်သံကြား မှ သတင်း ထုတ်လွှင့်ခဲ့ပြီး ဇွန်လ ၂၈ ရက် နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြ ပါရှိခဲသော်လည်း၊ ဒီကနေ့ ထိ ရန်ကုန်လေဆိပ် တွင် A (H1N1) နှင် ပတ်သတ် ၍ စောင့်ကြည့် နေယုံမှတပါး သေချာ စစ်ဆေးမှု မရှိသေးကြောင်း သိရှိ ရသည်။

ကျန်းမာရေး ဝန်ထမ်းများက ရန်ကုန်လေဆိပ် တွင် ကျန်းမာရေး စစ်ဆေးခဲ့စဉ်က သူမ ၌ အဖျား မရှိသော်လည်း စာဖတ်ဝိုင်း ၌ ဆရာမက ချောင်းဆိုး နေသည်ကို သတိပြုမိခဲ့ရာမှ မိဘများ နှင့် တိုင်ပင်ကာ ယခုလ ၂၆ ရက်နေ့ ည ၉ နာရီ တွင် ရန်ကုန် ဆေးရုံကြီး၌ စတင်၍ ဆေးကုသမှု ခံယူစေခဲ့ကြောင်း မြန်မာ စစ်အစိုး ရ မြန်မာ့ရုပ်မြင်သံကြား မှ ၂၇ ရက်နေ့တွင် ကြေညာ ခဲ့သော်လည်း၊ မကြာသေးမှီ က ဟောင်ကောင် မှ ပြန်လာသည့် ခရီးသည်များက ရန်ကုန် လေဆိပ် တွင် ထောက်လှမ်းရေး မှ စောင့်ကြည့်နေလို၊ ခရီးသည်များ ကို စောင့်ကြည့်ယုံမှ တပါး မည့်သည့် စစ်ဆေးမှုမှ မရှိဟု ပြောဆို ထောက်ပြ ခဲ့ ပြီး၊ သေချာ ကြပ်မတ် စစ်ဆေး သင့်ကြောင်း ပေါ့ပေါ့ဆဆ သဘောမထားသင့်ကြောင်း ပြောဆို ခဲ့ပါသည်။

လေယာဉ် ပေါ်တွင် Health Declaration Form အား ဖြည့်ခိုင်း ခဲ့သော်လည်း မည်သူက မှ မိမိ အလုပ်အကိုင် ပျက် မည်။ တပါးသူ ၏ ငြိုငြင်မှု ခံရမည်ကို ကြောက် ၍ အမှန် ဖြည့်သွင်း လိမ့်မည် မဟုတ်ကြောင်း၊ မိမိ ကိုယ်တိုင် ရိုးရိုး အအေးမိ၊ ဖျားနာ နေခဲ့သော်လည်း၊ Health Declaration Form တွင် All Clear ဆိုပြီး၊ ရေးသား ခဲ့ကြောင်း၊ လေဆိပ် ရှိ ကျမ်းမာရေး ဝန်ထမ်းများ က လည်း၊ ဖြတ်သွားတဲ့ ခရီးသည်တွေကို ဟိုကြည့် ဒီကြည့် ကြည့်နေယုံဘဲ ရှိကြောင်း၊ အဲဒီထဲက တစ်ယောက်ယောက် ကို ကိုယ်ဖြည့်ထားတဲ့ Health Declaration Form လေး ပေးလိုက် ယုံသာ ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။ ရန်ကုန် လေဆိပ် ၌ ဟောင်ကောင် လေဆိပ် ကလိုမျိုး အပူအာရုံခံ Sensor နား ကိုလည်း သွားရောက် စစ်ဆေး ခံရန်လည်း မလိုအပ်ကြောင်း၊ ကျွန်တော်တို့ အနေနဲ့ ပြီးစလွယ် လုပ်တာမျိုးတွေ၊ ဝတ္တရားကျေ လုပ်တာမျိုးတွေ၊ လူကြီးလာမှ လုပ်ပြတာမျိုးတွေ ရှောင်ရှားသင့်နေပြီလို့ ထင်မိပါတယ် လို့ အဆိုပါ ခရီးသည် က အကြံပေး ခဲပါသည်။

အကယ်၍ အသက် ၁၃ နှစ်အရွယ်ကျောင်းသူ တဦးထံ ၌ A (H1N1) ရောဂါပိုး ရှိနိုင်သည်ဟု သူမ ၏ ဆရာမက သာ သတိမပြုခဲ့မိ လျှင်၊ မြန်မာနိုင်ငံ A (H1N1) ရောဂါပိုး ရှိသူဟု ပေါ်ပေါက်လာမည် မဟုတ် ဘဲ လူတော်တော်များများ ကူးစက်ခံ သွားရမည်သာ ဖြစ်ကြောင်း၊ သူ့ကြောင့်သာ ဒီကလေးမှာ H1N1 ဖြစ်နေတာ သိခဲ့ရတာဖြစ်ပြီး၊ ဒီလိုမျိုး ညွှန်ပြတဲ့သူနဲ့ မတွေ့ဘဲ သာမန် တုပ်ကွေးထင်ပြီး ရမ်းဆေးသောက်နေတဲ့ သူတွေလည်း ဘယ် နှစ်ယောက် တောင် ရှိနေမလဲ မသိနိုင်ဘူး။ ကျွန်တော် တို့ မြန်မာတွေ က ဗြူးဗြူးဗြဲဗြဲ ကြီးကြီးကျယ်ကျယ် ဖြစ်တာမျိုးမှ အလေးထားချင် ကြတာ။ ဒီရောဂါမျိုးက ကူးစက်တာသာမြန်တာ၊ သေတဲ့ ရာခိုင်နှုန်းကျတော့ နည်းတာမို့ သိပ်အလေးအနက် မထားတာမျိုး လားတော့လည်း မသိဘူးဟု လည်း မကြာသေးမှီက ဘန်ကောက်မှ ပြန်ရောက်လာသည့် ခရီးသည် တယောက်ကလည်း ဝေဖန် ထောက်ပြ သွားခဲ့ပါကြောင်း သတင်းရရှိသည်။

လောလောဆယ် တွင်  H1N1 ဂယက်ကြောင့် နှာခေါင်းစည်း mask များ ရန်ကုန်၊ မင်္ဂလာဈေးတွင်ပစ္စည်းပြတ်သည် အထိ လက်မလည်အောင် အရောင်းသွက် နေပြီး၊ တန်းစီ ၀ယ်ယူကြရကြောင်း၊ ပြည်တွင်း ဂျာနယ် တာဝန်ခံ တဦး က ပြောဆို ခဲ့ပြီး၊ ဒီနေ့ မနက်ပိုင်း တွင်  A (H1N1) ရောဂါပိုး ကူးစက် ခံနေရသည့် အသက် ၁၃ နှစ် အရွယ် ကျောင်းသူလေး သေဆုံး သွား ပြီဆိုသည့် ထွက်ပေါ်လာသည့် ကောလဟာလ သတင်းအပေါ် မဟုတ်ကြောင်း သူက ပြောဆို ခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here