ဂျွန် ဝီလီယံ ယက်ထော အစားအစာ မစား၊ ထောင်ဆေးရုံ ရောက်နေ

alt

အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယက်ထောသည် အစားအစာ မစားတဲ့ အတွက် ဆေးဝါးများ၊ သောက်ရေသန့်၊ ဓါတ်ဆားရေ တို့ကို စီစဉ် ပေးထားပြီး၊ အဟာရ ဖြစ်အောင် ဆောင်ရွက် ပေးထားရကာ အင်းစိန်

အကျဉ်းထောင် ထောင်ဆေးရုံ သီးသန့် အခန်းမှာ ထားရှိလျှက် အစစ ပြည့်စုံအောင် စီစဉ် ပေးထားကြောင်း ဇွန်လ ၂၅ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက သတင်းစာ ဆရာများနှင့် သံရုံးများ မှ သံတမန်များအား ပြောကြားခဲ့ကြောင်း ပါရှိသည်။ ဂျွန် ဝီလီယံ ယက်ထော မည်သည့် အတွက်ကြောင့် အစားအစာ မစား၊ ရက်ပေါင်းမည်မျှ ကြာခဲ့ပြီ ဆိုသည့် အချက်အလက် များကိုမူ ပြောကြားခဲ့ခြင်း မရှိချေ။

အမေရိကန် နိုင်ငံသား ဝီလီယံ ယက်တော ကို နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီး လိုသူအား အားပေး ကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၂၂/၁ဝ၉ ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေ တို့ဖြင့် တရားစွဲဆို ထားခြင်းဖြစ်သည်။ အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ မစ္စတာ ယက်တော ရဲ့ ရှေ့နေ ဦးခင်မောင်ဦး အား ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်မှု ရရှိခဲ့ခြင်း မရှိခဲ့ချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here