မြန်မာ သို့တင်ပို့မည့် တာဝေးပစ် ဒုံးကျည်သုံး ကရိယာ တရားမဝင် တင်ပို့မှုဖြင့် လူ ၃ ဦး အားဖမ်း

alt

တာဝေးပစ် ဒုံးကျည်များ အကွာအဝေး တိုင်းထွာရာတွင် သုံးနိုင်သည့် အီလက်ထရောနစ် ကိရိယာ ပြည်ပ (မြန်မာ) သို့ တင်ပို့မှုဖြင့် ယမန်နေ့က ဂျပန်တွင် လူ ၃ဦး အား ဖမ်းဆီး လိုက်ရသည် ဟု ဂျပန် ရဲများ ပြောကြားချက် အရ ယနေ့ထုတ် ယူမီယူရီ သတင်းစာကြီး တွင် ဖေါ်ပြ ထားသည်။

လုပ်ငန်းသုံး ကုန်ပစ္စည်းများ ပြည်ပ တင်ပို့သည့် ကုမ္မဏီ မှတ်ပုံတင်ထားသော သူ တဦး၏ ကုမ္မဏီမှ ယခုနှစ် အစောပိုင်း ဇန္နဝါရီလ အတွင်းက ဂျပန်ယန်း ရမီလျံ (အမေရိကန်ဒေါ်လာ ရ၃၀၀၀ ) တန်ကြေးရှိ လျှပ်စစ်သံလိုက် လှိုင်းသုံး အကွာအဝေး တိုင်းထွာသည့် အီလက်ထရောနစ် ကရိယာအား တရားမဝင် ကုန်သွယ်မှုပြုကာ ပြည်ပတင်ပို့ရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးရ မိခြင်း ဖြစ်သည်ဟု ဖေါ်ပြထားပြီး၊ ယင်းကုမ္မဏီမှာ ယမန်နှစ် စက်တင်ဘာလ လောက်ကလည်း ယခု ကရိယာနှင့် အလားတူ အမျိုးအစား တူညီသော အီလက်ထရောနစ် ဒဗိုက် အား မြန်မာနိုင်ငံသို့ တင်ပို့ရန် ကြိုးပမ်း ခဲ့သေးသည်ဟု သတင်းထောက်များ က ဆိုသည်။

ယခုဖြစ်ရပ်ကို မြောက်ကိုရီးယားမှ အကူအညီပေးနေသော မြန်မာ စစ်အစိုးရ၏ ဒုံးကျည် နည်းပညာဆိုင်ရာ လုပ်ငန်းများတွင် အသုံးချမည်ဟု ဂျပန်ရဲများက ယုံကြည် ထားကြသည်။ တဖန် ဂျပန် သတင်းထောက်များ၏ သုံးသပ်ချက်အရ ဟောင်ကောင်တွင် အခြေစိုက်ထားသော မြောက်ကိုရီးယား ကုန်သွယ်မှု ကုမ္မဏီ မှ နေ၍ အဆိုပါ ကိရိယာ ကို မြန်မာ နိုင်ငံ ဘက်မှ တဆင့် မြောက်ကိုရီးယား ပေးပို့ရန် ကြံစည် နိုင်ခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောဆို လျှက်ရှိ ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here