မိုက်ကယ်ဂျက်ဆင် ဖျော်ဖြေပွဲ ကြိုတင် လက်မှတ်များ eBay မှ ငွေပြန်အမ်း

alt

eBay က ၎င်းတို့ထံမှ ၀ယ်ယူ ထားသော မိုက်ကယ် ဂျက်ဆင်၏ ဖျော်ဖြေပွဲ လက်မှတ်များ အတွက် ငွေအပြည့် ပြန်အမ်း သွားမည် ဖြစ်ကြောင်း ကြေညာ လိုက်ပြီ ဖြစ်သည်။

အသက် (၅၀) အရွယ် Pop ဂီတ ဘုရင်ကြီး ကွယ်လွန် သွားပြီးနောက် ဇူလိုင်လ အတွင်း လန်ဒန်မြို့၊ O2 အားကစား ကွင်းကြီးတွင် ကျင်းပမည့် This is it ဖျော်ဖြေပွဲ အတွက် ရောင်းချထားသော ကြိုတင် လက်မှတ်များ အတွက် ငွေများကို eBay မှ ပြန်အမ်းမည် ဖြစ်သည်။

လက်မှတ်များကို ပေါင်(၅၀)မှ (၇၅)ပေါင်အတွင်း ဈေးနှုန်းသတ်မှတ် ရောင်းချခဲ့ခြင်းဖြစ်ပြီး လက်မှတ်ပေါင်း (၇၅၀၀၀၀)ကျော်မျှ eBayက ရောင်းချခဲ့သည်။ eBayအနေနှင့် လက်မှတ်ဖိုးငွေများကို တစ်ပါတ်အတွင်း ပြန်အမ်း ပေးနိုင်ရန် စဉ်းစားထားကြောင်းကိုလည်း အတည်ပြုခဲ့သည်။

ထို့အပြင် ဖျော်ဖြေပွဲ စီစဉ်ထားသည့် AEG Live သို့လည်း လက်မှတ်တိုင်း အတွက် ကော်မရှင်ခများ ပြန်အမ်းသွားမည်ဟု သိရသည်။ မိုက်ကယ်ဂျက်ဆင်၏ လက်မှတ်များကို မတ်လ အတွင်းက စတင် ရောင်းချခဲ့ပြီးနောက် တစ်စက္ကန့်လျှင် ပျမ်းမျှလက်မှတ် (၁၁)စောင်ခန့် ရောင်းထွက်ခဲ့ရာ တနာရီအတွင်း လက်မှတ် (၄၀၀၀၀) ရောင်းထွက်ခဲ့သည်။

မိုက်ကယ်ဂျက်ဆင် အနေနှင့် ထိုပွဲအတွက် အကြီးအကျယ် မျှော်လင့် အားခဲနေရင်း ကွယ်လွန် သွားရှာသဖြင့် ၎င်းအတွက် စိတ်မကောင်း ဖြစ်မိကြောင်းလည်း eBay ကဆိုသည်။ eBay အနေနှင့် ၎င်းတို့ထံမှ ရောင်းချထားသော လက်မှတ်တိုင်း အတွက် တာဝန်ယူကာ ငွေပြန်အမ်းမည် ဖြစ်သော်လည်း အခြားနေရာများ မှ ၀ယ်ထားသည့် လက်မှတ်များ ကိုမူ ငွေအမ်းမည် မဟုတ်ကြောင်း သတိပေးထားသည်။

ထို့အပြင် ၀ယ်ယူထားသော လက်မှတ် (သို့မဟုတ်) ငွေရှင်း ဖြတ်ပိုင်းကို မပျောက်ပျက်အောင် ထိန်းသိမ်း ထားသင့်ကြောင်းလည်း eBay က နှိုးဆော် ထားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here