အီရန် အစိုးရ ဖမ်းဆီးထားသည့် ဗြိတိန် သံရုံး ဝန်ထမ်းအချို့ ပြန်လည် လွတ်မြောက်လာ

alt

အီရန် အစိုးရက ထိန်းသိမ်း ထားသော ဗြိတိန်သံရုံး ၀န်ထမ်း (၉)ဦး အနက်မှ (၅)ဦးမှာ ပြန်လည် လွတ်မြောက် လာကြောင်း သိရှိရသည်။

တဟီရန် မြို့တော်တွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများ အတွက် သံရုံးမှ ၀န်ထမ်း အချို့မှာ ၀င်ရောက် လှုံ့ဆော်ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် အီရန် အစိုးရက ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ရပ် အတွက် ဗြိတိန် နိုင်ငံခြားရေးဌာန အတွင်းရေးမှူး ဒေးဗစ်မီလီဘန်းက ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ခဲ့ပြီး သံရုံး ၀န်ထမ်းများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ယခု အခါတွင် အီရန် အစိုးရအား ဆန့်ကျင်ရန် လှုံ့ဆော် သွေးထိုးပေးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသူ (၉)ဦး အနက် (၅)ဦးမှာ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ဗြိတိန် သံရုံးက အတည်ပြုခဲ့သည်။ ကျန်သော ၀န်ထမ်းများမှာမူ အစိုးရ အာဏာပိုင်များ၏ စစ်ဆေး မေးမြန်းမှုကို ခံနေရဆဲ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ဟာဆန်ဂက်ရှဂါဗီက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုသွားသည်။

အီရန်နိုင်ငံ ထောက်လှမ်းရေး ၀န်ကြီးဖြစ်သူ ဂိုလမ်ဟိုဆင် မူဆာနီ အဇီးက ဇွန်လ (၂၈)ရက်နေ့က ဗြိတိန်သံရုံးသည် တဟီရန်တွင် ဖြစ်ပွားနေသော အုံကြွ ဆန္ဒပြမှုများနှင့် ဆက်စပ်နေကြောင်း စွပ်စွဲခဲ့ပြီး အီရန်လူမျိုး သံရုံးဝန်ထမ်းများကို မီဒီယာများနှင့် ဆက်သွယ်ရာတွင် အသုံးချနေကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်သံရုံး ၀န်ထမ်းများကို ဖမ်းဆီးမှု အတွက် ဥရောပ ယူနီယံ ကလည်း အီရန် အစိုးရအား သတိပေးထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here