ဝေလငါး ခိုးဖမ်းမှုများ ဆက်လက် ဖြစ်ပွားနေ

alt

နိုင်ငံတကာ ဝေလငါးဖမ်း ကော်မရှင် အဖွဲ့က ယခု ရက်ပိုင်းများ အတွင်း ပုံမှန် မဟုတ်သော ဝေလငါး ခိုးဖမ်းမှုများ ပေါ်ပေါက်လျှက် ရှိကြောင်း ကြေညာ လိုက်သည်။

ဇွန်လ (၂၅)ရက်နေ့က ကျင်းပသည့် နှစ်ပါတ်လည် အစည်းအဝေးတွင် အာရှ ဒေသဘက်မှ ဝေလငါး ခိုးဖမ်းသူများကြောင့် ဝေလငါးများ မျိုးသုဉ်း ပျောက်ကွယ်မည့် ဘေးကို ပိုမို စိုးရိမ်လာရကြောင်း ကော်မရှင်က ကြေညာခဲ့သည်။

ဖွဲစည်းခဲ့သော သက်တမ်း (၅၃)နှစ် ရှိနေပြီဖြစ်သည့် ကော်မရှင်သည် ဝေလငါး ဖမ်းမှုအား ဆန့်ကျင်ကြောင်း ဆန္ဒပြနေသည့် ကမာ္ဘ အရပ်ရပ်မှ ပြည်သူများနှင့် ဝေလငါး ဖမ်းသူများကြား အမြင် တိမ်းစောင်းမှုကိုလည်း ဖြေရှင်းပေးရန် လိုအပ်နေကြောင်း ပြောဆိုခဲ့သည်။

မကြာသေးမီ ကာလများအတွင်း ဂျပန်ကဲ့သို့ အာရှနိုင်ငံ အချို့တို့တွင် ဝေလငါးများကို အစုလိုက် အပြံုလိုက် ဥပဒေမဲ့ ဖမ်းယူနေခြင်းများကို တားမြစ်ရန် လိုအပ်နေကြောင်း ကော်မရှင်က ဆိုသည်။ ကော်မရှင်၏ အမှုဆောင်ဖြစ်သူ ခရစ်စတီယန် မာကွီအီရာက ကော်မရှင်အား ပုံစံသစ်ဖြင့် ဖွဲ့စည်းရန် ပြင်ဆင်နေပြီး နိုင်ငံတကာ ဝေလငါး ခိုးဖမ်းသူများအား အရေးယူ သွားနိုင်ရန် ပိုမို အာရုံစိုက် ဆောင်ရွက်မည် ဖြစ်ကြောင်း AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဂျပန်ငါးဖမ်း စက်လှေအချို့တို့သည် ရှားပါး စာရင်းဝင် မင်ကီးလ် ဝေလငါးများကို အစုလိုက် အပြံုလိုက် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းအပေါ် တားမြစ်သွားရန် ကော်မရှင်က ပြင်ဆင်နေကြောင်းလည်း မာကွီအီရာ က ဆိုသည်။

အရွယ်ရောက်ပြီး မင်ကီးလ် ဝေလငါး တကောင်လျှင် အမေရိကန်ဒေါ်လာ တစ်သိန်းမျှ အထိ ရရှိနေခြင်းကြောင့်လည်း ယခုလို ခိုးယူ ဖမ်းဆီးမှုများ ပိုမို များပြားလာခြင်း ဖြစ်ကြောင်း မာကွီအီယာ က သတင်းထောက်များအား ရှင်းလင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here