မြေပဲထောပတ် စားပါက နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်း

alt

မြေပဲထောပတ် ကြိုက်နှစ်သက်သူ များသည် နှလုံးရောဂါ ဖြစ်ပွားနှုန်း လျော့နည်း နေတတ်ကြောင်း သိရှိရသည်။

အထူးသဖြင့် မြေပဲထောပတ် သုတ်ထားသော ဆင်းဒွစ်ရှ် ပေါင်မုန့်များနှင့် မြေပဲလှော်များ တစ်ပါတ်လျှင် (၅) ရက်မျှ အထိ စွဲစွဲမြဲမြဲ စားသုံးသူများတွင် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ (၅၀) ရာခိုင်နှုန်းမျှ လျော့ကျသွားကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။

မြေပဲတွင် ပါ၀င်သော ဓာတ်ပစ္စည်းများသည် ကိုလက်စထရော များကို ချေဖျက် လျှော့ချရာတွင် အကူအညီပေးပြီး နှလုံး အနီးတဝိုက်ရှိ သွေးကြောများ အတွင်း အဆီများကို ဖယ်ရှားပေးသဖြင့် ကျန်းမာရေးနှင့် သင့်တော်ကြောင်း ဟားဗတ် ဆေးကျောင်းမှ ပညာရှင်များက ပြောကြားခဲ့ကြသည်။

(၁၉၈၀) ပြည့်နှစ်မှ (၂၀၀၂) ခုနှစ်အတွင်း လေဖြတ်ရောဂါ၊ ဆီးချို ရောဂါတို့ကဲ့သို့ နှလုံးနှင့် ဆက်စပ်နေသော လူနာအမျိုးသမီး (၆၀၀၀)ကျော်၏ နေထိုင်စားသောက်မှု မှတ်တမ်းများကို လေ့လာခဲ့သော ပညာရှင်များသည် ထိုနောက်ပိုင်း ကာလ များတွင်လည်း နှလုံးရောဂါနှင့် ပတ်သက်သော စစ်တမ်းများကို (၂)နှစ်လျှင် (၁) ကြိမ်ကျ ပြုစု ကောက်ခံခဲ့သည်။

Nutrition ဆေးပညာ ဂျာနယ်တွင် မြေပဲကို ပုံမှန်စွဲမြဲစွာ စားသောက်ပါက နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကို အနည်းဆုံး (၄၄) ရာခိုင်နှုန်းမျှ လျော့ကျ စေမည်ဖြစ်ကြောင်း ထောက်ခံထားသည်။ ဟားဗတ် ဆေးကျောင်းမှ ဆရာဝန်များက တနေ့လျှင် မြေပဲတအောင်စမျှ၊ သို့မဟုတ် ပါကလည်း မြေပဲထောပတ် စားပွဲဇွန်း တဇွန်းစာမျှကို တစ်ပါတ်လျှင် (၅)ရက်မျှ စားပေးခြင်းဖြင့် နှလုံးရောဂါကို ဟန့်တားရာတွင် အထောက်အကူ ဖြစ်စေနိုင်ကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here