ကုလ ညှိုနှိုင်းရေးမှူး ၂ရက်တာ မြန်မာခရီးစဉ် ပြီးဆုံး နှင့် U2 ကြေညာချက်

alt

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း လာမည့်လ အစောပိုင်းတွင် မြန်မာ စစ်အစိုးရ ထိပ်သီးပိုင်းနှင့် သွားရောက် တွေ့ဆုံရေး အတွက် ရှေ့ပြေး ခရီးစဉ်အဖြစ် သွားရောက်

တွေ့ဆုံခဲ့သော ညှိုနှိုင်းရေးမှူး အီဘရာဟင် ဂန်ဘာရီ၏ ၂ရက်တာ ခရီးစဉ် စနေနေ့ ညနေတွင် ပြီးဆုံး သွားခဲ့ပြီဟု ရန်ကုန်မှ လာသော သတင်းများတွင် ဖေါ်ပြ ထားသည်။

နိုက်ဂျီးရီးယား လူမျိုး ကု/လ ညှိုနှိုင်းရေးမှူး သံတမန် ဂန်ဘာရီသည် စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း နှင့် နေပြည်တော်၌ ၂ကြိမ် တိုင်တိုင် မတွေ့ဆုံခင် နှင့် စင်္ကာပူ သံအမတ်ကြီး နှင့် ကုလသမဂ္ဂ အရာရှိများအား ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သေးသည်ဟု သိရှိရသည်။

ပြည်တွင်းမှ ခန့်မှန်း သုံးသပ်ချက်များ အရ ဂျူလိုင်လ အစောပိုင်းတွင် လာရောက်မည့် မစ္စတာ ဘန်ကီမွန်းသည် ဒေါ်အောင်ဆန်းစုကြည် အား စစ်အစိုးရမှ မတရား စွဲဆိုထားသော အမှုအခင်း အပေါ် အလေးထား ဆောင်ရွက် တိုက်တွန်းမည့် ကိစ္စရပ်များအား မစ္စတာဂန်ဘာရီ နှင့် ဦးဉာဏ်ဝင်းတို့ ဂျွန်လ (၂၆)ရက် နှင့် ဂျွန်(၂၇)ရက် နေ့များတွင် တွေ့ဆုံ ဆွေးနွေးကြသည်ဟု ပြောဆိုကြ သော်လည်း၊ တနင်္ဂနွေ နေ့ထုတ် မြန်မာအလင်း သတင်းစာတွင် မစ္စတာဂန်ဘာရီနှင့် မည်သည့် အကြောင်းအရာများ ဆွေးနွေးကြသည်ကို အသေးစိတ် ဖေါ်ပြထားခြင်း မရှိချေ။

အိုင်းရစ်ချ် ရော့(ခ်)တေးဂီတ အဖွဲ့ ကမာ္ဘကျော်( U2 ) ယူတူး အဖွဲ့သည် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မြန်မာ စစ်အစိုးရအား ဆန့်ကျင်ကြရန် ဂျွန်လ (၃၀)ရက် နေ့တွင် စပိန်နိုင်ငံ ဘာစီလိုးနားတွင် စတင်မည့် သူ၏ ကမာ္ဘလှည့် ဖျော်ဖြေပွဲ “၃၆၀ ဒီကရီ” လိုက်(ဖ်)ရှိုး ပွဲများတွင် သူ့ပရိသတ်အား နှိုးဆော်သွားမည် ဖြစ်ပြီး ယူတူး ဝဘ်ဆိုဒ်တွင် ဒေါ်အောင်ဆန်းစုကြည် အတွက် ယူတူး မှ ဘိုနို သီဆိုထားသော “Walk On” သီချင်းအား တရားဝင် Downloaded လုပ်နိုင်ကြောင်း ကြေညာလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here