နယ်သာလန် တိုက်စစ်မှူးကို ခေါ်ယူရန် မန်ယူ ပစ်မှတ်ထားလာ

alt

တိုက်စစ် ပြဿနာ အတွက် ခေါင်းခဲ နေရသော မန်ချက်စတာ ယူနိုက်တက် သည် ယခုအခါ ရီးရဲလ် မက်ဒရစ်မှ ထွက်ခွာဖွယ် ရှိနေသော နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး

ကလက်ဂျန် ဟန်တဲလား ဘက်သို့ မြှားဦး လှည့်လာပြီ ဖြစ်သည်။

မန်ချက်စတာ အသင်း နည်းပြကြီး ဆာအဲလက် ဖာဂူဆန်သည် ကီရင် ဘန်ဇီးမား ကို အဓိက ပစ်မှတ်ထား နေသော်လည်း ဂိုးသွင်း သေချာပြီး နိုင်ငံတကာ အတွေ့အကြံု ရင့်ကျက်နေသည့် အသက် (၂၅)နှစ် အရွယ် တိုက်စစ်မှူးကိုလည်း စိတ်ဝင်စားလျှက် ရှိချေသည်။

ဖာဂူဆန်သည် ဟန်တဲလား အေဂျက် အသင်းတွင် ကစားနေစဉ်က ကမ်းလှမ်းရန် စီစဉ်ခဲ့သေးသော်လည်း ၎င်းသည် ရီးရဲလ်အသင်းသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း စပိန်မြေတွင် ပွဲ(၂၀) ကစားပြီး (၈) ဂိုးသွင်းနိုင်ခဲ့သော ဟန်တဲလားမှာ ရီးရဲလ်အသင်းသို့ ဥက္ကဌအဖြစ် ဖလော်ရန်တီနို ပီရက်စ် ပြန်လည် ရောက်ရှိလာပြီးနောက် ရောင်းထုတ်ရန် စီစဉ်ဖွယ်ရှိကြောင်း သတင်းများ ပြန့်နှံ့လာခဲ့သည်။

ခရစ်စတီယာနို ရော်နာဒို၊ ဒေးဗစ်ဘက်ခမ်း၊ ရုဗန် နစ္စတယ်ရွိုင်းနှင့် ဂါဘရီ ဟိန့်စ် တို့ကဲ့သို့ ကစားသမားများကို ရီးရဲလ်သို့ ရောင်းချထားပြီး ရီးရဲလ်နှင့် ဆက်ဆံရေး ကောင်းမွန်နေသည့် မန််ချက်စတာ အနေနှင့် ဟန်တဲလားအား ရရှိနိုင်ရန် နီးစပ်နေသည်။

မန်ချက်စတာသည် အသင်းမှ ကားလို့စ် တီဗက်စ် နှင့် ရော်နာဒို တို့ ထွက်ခွာပါက တိုက်စစ်တွင် ပြန်လည် အင်အားဖြည့်တင်းရန် အာဂျင်တီးနား တိုက်စစ်မှူးလေး ဆာဂျီယို အာဂူရို ကိုလည်း စိတ်ဝင်စားလျှက် ရှိနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here