Microsoft ၏ အင်န်တိုင်း ဗိုင်းရပ်(စ်) မိုရို အား စိတ်ဝင်စားမှုများ

alt

ဇွန်လ (၂၄)ရက်နေ့က Widows OS များတွင် အသုံးပြုစေနိုင်ရန် ရည်ရွယ်ပြီး Microsoft က အခမဲ့ စတင်ဖြန့်ဝေ လိုက်သော Antivirus Software အသစ်သည် အသုံးပြုသူ များ၏

စိတ်ဝင်စားမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိ နေကြောင်း သိရှိရသည်။

Beta Version အဖြစ် သတ်မှတ်ပြီး နိုင်ငံ အနည်းငယ်တွင်သာ အစမ်း အသုံးပြုခွင့် ရသေးသည့် Microsoft Security Essentials မှာ စတင် Download လုပ်ခွင့်ပေးပြီး (၂၄)နာရီ မပြည့်မီမှာပင် ခွင့်ပြု အရေအတွက်ဖြစ်သော (၇၅၀၀၀) အထိ Download လုပ်ခဲ့ကြကြောင်း Micrsoft က ကြေညာလိုက်သည်။

Morro ဟု Codename သတ်မှတ်ထားသည့် အဆိုပါ Antivirus Software ကို အခမဲ့ ဖြန့်ဝေခြင်းဖြင့် ဈေးကွက်ပြိုင်ဘက် McAfee နှင့် Symantec တို့ကို အသာစီးယူရန် Microsoft က မျှော်လင့်နေသည်။ Microsoft သည် Morro ကို စတင် လည်ပတ်ပြီးနောက် ယခင်က အခပေးစနစ်ဖြင့် ရောင်းချခဲ့သော One Care Antivirus စနစ်ကို ရပ်ဆိုင်း လိုက်တော့မည် ဖြစ်သည်။

လောလောဆယ်တွင် အသုံးပြုသူများ၏ တုန့်ပြန်မှုများကို စောင့်ကြည့် လေ့လာနေဆဲ ဖြစ်ကြောင်း Microsoft က ဆိုသည်။ Morro ၏ Full Version ကို စက်တင်ဘာလ အတွင်း ဖြန့်ဝေပေးနိုင်ရန် Microsoft က မျှော်လင့်ထားသည်။ Morro သည် သုံးစွဲရန် လွယ်ကူပြီး ရိုးရှင်းသော Interface ဖြင့် အသုံးပြုသူများကို ကျေနပ်စေမည်ဟု Microsoft က ပြောကြားခဲ့သည်။

Microsoft မှ ရောင်းချခဲ့သော စနစ်ဟောင်း Antivirus ဖြစ်သည့် One Care မှာ ဗိုင်းရပ်စ်များ ရှာဖွေ သုတ်သင်နိုင်မှုနှုန်းမှာ (၂၀၀၉) ခုနှစ်၊ ဧပြီလ အတွက် စာရင်းအရ (၈၁.၂) ရာခိုင်နှုန်း ရှိနေပြီး ကောင်းမွန်သော အဆင့်အဖြစ် သတ်မှတ်ခံထားရသည်။ One Care ကို အခြေပြုပြီး ပိုမို အစွမ်းထက်အောင် မွမ်းမံထားသည့် Morro အနေနှင့် ယခုထက် ရလဒ်ကောင်းမည်ဟု Microsoft က မျှော်လင့်နေသည်။

ဧပြီလ စစ်တမ်းများအရ အခမဲ့ Antivirus စနစ်တစ်ခုဖြစ်သော AVG က (၈၉.၇) ရာခိုင်နှုန်း အထိ ဗိုင်းရပ်စ်များကို ဖော်ထုတ် ဖျက်ဆီးပေးနိုင်ပြီး အခကြေးငွေဖြင့် ရောင်းချသော Kaspersky က (၉၂.၂)ရာခိုင်နှုန်း၊ McAfee က (၈၆.၅)ရာခိုင်နှုန်း၊ Symantec က (၇၅.၂)ရာခိုင်နှုန်း၊ Shphos က (၈၀.၇) ရာခိုင်နှုန်းထိ ဗိုင်းရပ်စ်များကို ဖော်ထုတ် ချေဖျက်နိုင်ကြောင်း စစ်တမ်းများက ဆိုကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here