အကျယ်ဆုံး ဟောင်သည့်ခွေး အဖြစ် ဗြိတိန်နိုင်ငံမှ ခွေး အနိုင်ရရှိ

alt

အခြားသော ပြိုင်ပွဲဝင် အကောင်(၅၀)ကို ကျော်ဖြတ်ပြီးနောက် ဗြိတိန်နိုင်ငံမှ ခွေးလေး တစ်ကောင်သည် ကမာ္ဘ့ အကျယ်လောင်ဆုံး ခွေး အဟောင်ပြိုင်ပွဲတွင် အနိုင် ရရှိသွားသည်။

လန်ဒန်မှ ပိုင်ရှင်တစ်ဦးက မွေးမြူထားသည့် ဒက် အမည်ရှိ ခွေးကလေးသည် ဒစ်စနေးလ် ကုမ္မဏီက Bolt ဇာတ်ကား၏ Blu-ray နှင့် DVD ဖြန့်ချီရေး အမှတ်တရအဖြစ် ကျင်းပသော ပြိုင်ပွဲလေးအတွင်း (၁၀၈)ဒက်ဆီဘယ် အသံလှိုင်းအထိ ရောက်အောင် ဟောင်နိုင်သဖြင့် ကမာ္ဘ့စံချိန်ကိုပါ ချိုးလိုက်နိုင်သည်။

အမေရိကန်ရှိ ဗားမောင့်ဒေသတွင် ကျင်းပသော ပြိုင်ပွဲလေးတွင် အောင်မြင်မှု ရရှိခဲ့သည့် ဒက် ၏ အဟောင်စွမ်းရည်ကို မှတ်တမ်း တင်ထားမည်ဟု ဂင်းနစ် ကမာ္ဘ့စံချိန် မှတ်တမ်းအဖွဲ့က အတည်ပြုခဲ့သည်။

ခွေးများ အနေနှင့် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဟောင်လေ့ရှိပြီး ရန်လိုခြင်း၊ မိတ်ဖွဲ့ခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် ကိုယ် အမူအရာအလိုက် ဟောင်ပုံ ဟောင်နည်းခြင်း မတူညီကြောင်း၊ ဒက် အနေနှင့် ပြိုင်ပွဲဝင်လိုသော စိတ်သက်သက်ဖြင့် ဟောင်ခဲ့ဟန်ရှိပြီး ကမာ္ဘ့ စံချိန်တင်နိုင်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်း ဂင်းနစ် စံချိန်အဖွဲ့က ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here