ဘန်ကီမွန်း သောကြာနေ့ မြန်မာပြည် ရောက်မည်

alt

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း သည် လာမည့် သောကြာနေ့ ဂျူလိုင်လ ၃ ရက်နေ့တွင် ၂ရက်ကြာ မြန်မာ နိုင်ငံသို့ တရားဝင် ခရီးစဉ် အဖြစ် ရောက်ရှိလာမည် ဖြစ်ကြောင်း၊

အမေရိကန် နိုင်ငံ တနလာင်္နေ့ ( မြန်မာ စံတော်ချိန် အင်္ဂါနေ့ မနက်ခင်း ) တွင် ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ် မစ်ရှယ် မွန်းတခ့် က ကုလသမဂ္ဂ ဌာနချုပ်တွင် ကြေညာချက် ထုတ်ပြန် ခဲ့သည်။ လာမည့် သောကြာနေ့ ဂျူလိုင်လ ၃ ရက်နေ့သည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်က ဒုတိယမြောက် တရားဆိုင် သက်သေကို ကြားနာရန် ချိန်းဆိုထား သော ရက်လည်း ဖြစ်ကြောင်း သိရှိရသည်။ မစ္စတာ ဘန်ကီမွန်း သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ပြီး၊ နိုင်ငံတကာ က လက်ခံနိုင်သည် ၂၀၁၀ ရွှေးကောက်ပွဲ ဖြစ်ရေး အတွက် မြန်မာ အစိုးရ အား ပြောဆို နိုင်လိမ့်မည် ဖြစ်ကြောင်း၊ သူမ ကပြောဆို ခဲ့သည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အား တရားခွင်တွင် သွားရောက် တွေ့ဆုံမည်၊ သီးခြား တွေ့ဆုံမည် ဟု ထည့်သွင်းပြောဆို သွားခဲ့ ခြင်း မရှိ ခဲ့သော်လည်း၊ မစ္စတာ ဘန်ကီမွန်း အနေဖြစ် တွေဆုံ ခွင့်ရရန် ကြိုးစား သွားမည်ဟု သာ ပြောဆို ခဲ့သည်။ မစ္စတာ ဘန်ကီမွန်း သည် မစ္စတာ ဂန်ဘာရီ ၏ ၈ ကြိမ်မြောက် ခရီးစဉ် အပြီး၊ နယူးယောက်သို့ ပြန်လည်ရောက်ရှိလာပြီး ချိန်၊ မစ္စတာ ဘန်ကီမွန်း နှင့် တွေဆုံ ခဲ့အပြီး ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ဘန်ကီမွန်း ဒီတကြိမ် လာရောက်ခဲ့ပါက နာဂစ်အပြီး၊ ပထမဆုံးအကြိမ် ပြန်လည် လာရောက် ခဲ့ခြင်း ဖြစ်ကာ၊ ယခု ခရီးစဉ် အတွင်း မြန်မာ အစိုးရ အနေ နှင့် နိုင်ငံရေး လှည့်ကွက်များ သုံးပြီး အမြတ် ထုတ်မည် ကို အထွေထွေ အတွင်းရေးမှူး က စိုးရိမ် နေကြောင်း လည်း သိရသည်။ အထူးသဖြင့် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား အမှု စစ်ဆေးနေသည့် အခြေအနေမျိုး တွင် မြန်မာ နိုင်ငံ သို့ သွားရောက်ရန် ဘန်ကီမွန်း အတွက် စိတ် မသက်သာစရာ ဖြစ်နေကြောင်း သတင်းများ က လည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကို နှစ်ပေါင်းများစွာ နေအိမ်အချုပ် ချုပ်နှောင်စဉ် ကာလများ ဟာလည်း လက်ခံနိုင်ဖွယ် မရှိတဲ့ အခြေအနေမျိုးပါ၊ သူမဟာ ကမာ္ဘက လေးစားရတဲ့ နိုဘယ်ဆုရှင်ပါ၊ ဒီမိုကရေစီကို ယုံကြည် လက်ခံသူပါ၊ ဒါကြောင့် ကျွနု်ပ်တို့ဟာ သူမရဲ့ ခိုင်မာတဲ့ ယုံကြည်မှုကို ထောက်ခံ ပံ့ပိုးသွားရမှာပါ၊ ဒါပေမဲ့လည်း သူမရဲ့ အငြင်းမပွား ရနိုင်သော တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို ပြန်လည်သုံးသပ် ပံ့ပိုး သွားရပါမယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က CNN သတင်းဌာန ကို ပြောဆိုခဲ့ဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here