အမေရိကန်တွင် H1N1 ကူးစက်ခံရသူ သန်းနှင့်ချီ ရှိလာနိုင်

alt

H1N1 တုပ်ကွေး ဗိုင်းရပ်စ်များ လျင်မြန်စွာ ပြန့်နှံ့နေမှု နှင့်အတူ အမေရိကန်တွင် အဆိုပါ ရောဂါ ကူးစက်ခံရသူ အရေ အတွက်မှာ တစ်သန်းမျှ အထိရှိလာ နိုင်ကြောင်း

ကျန်းမာရေး တာဝန်ရှိသူ များက ပြောကြား လိုက်သည်။

မြို့နေလူထုတွင် H1N1 ကူးစက်မှုမှာ (၆) ရာခိုင်နှုန်းမျှ မြင့်တက်လာ ပြီးနောက် ထိုရောဂါသည် ပိုမို တွင်ကျယ်စွာ ပြန့်နှံ့ သွားနိုင်ကြောင်း ပညာရှင်များက ခန့်မှန်း ထားကြသည်။ ဇွန်လ (၂၅)ရက်နေ့ ကြေညာချက် အရ ဗိုင်းရပ်စ်ပိုးများသည် အမေရိကန်၏ နေရာအနှံ့တွင် ရှိနေနိုင်ပြီး အမေရိကန် ပြည်သူများ အဖို့ မိမိ၏ အိမ်နီးချင်းတစ်ဦး H1N1 တုပ်ကွေး ဖြစ်နေပြီဆိုသော သတင်းသည် အထူးအဆန်းပင် မဟုတ်တော့သလို ဖြစ်နေကြောင်း သိရှိရသည်။

ရောဂါထိန်းချုပ်ရေး ဗဟိုဌာနမှ တုပ်ကွေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် လင်းဖင်နယ်လီ က အမေရိကန်တွင် တုပ်ကွေးပြန့်နှံ့ သွားမှုသည် ကာလ တခုအတွင်း တစ်သန်းအထိ ထိုးတက် သွားနိုင်ကြောင်း သတိပေးခဲ့သည်။

သမားရိုးကျ ရာသီပေါ် တုပ်ကွေးမှာ အမေရိကန်တွင် နှစ်စဉ် လူ(၁၅)သန်းမျှ သန်း(၆၀)ထိ ဖြစ်ပွားလေ့ ရှိနေတတ်ပြီး H1N1 မှာလည်း အလားတူ ပြန့်နှံ့လာမည်ကို စိုးရိမ်ရကြောင်း ဖင်နယ်လီက ၀န်ခံခဲ့သည်။ လက်ရှိ အချိန်ထိ အမေရိကန်တွင် H1N1တုပ်ကွေး ကူးစက်ခံရသူ (၂၈၀၀၀)မျှ ရှိနေပြီး (၃၀၆၅)ဦးမှာ ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူနေရကာ (၁၂၇)ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here