နာမည်ကြီး ရှာရာပိုဗာ ဝင်ဘယ်ဒန်ပြိုင်ပွဲ ဒုတိယအဆင့်မှပင် ထွက်ရ

alt

ရုရှား တင်းနစ်မယ် မာရီယာ ရှရာပိုဗာ သည် ဇွန်လ(၂၄)ရက်နေ့က ပြိုင်ဘက်ကို အရေးနိမ့်ပြီး ၀ယ်ဘယ်ဒန် ပြိုင်ပွဲမှ ထွက်ခွာ သွားရပြီ ဖြစ်သည်။

 

အသက်(၂၂)နှစ်ရှိ (၂၀၀၄)ခုနှစ် ၀င်ဘယ်ဒန် ချန်ပီယံဟောင်းသည် အာဂျင်တီးနားမှ ဂက်စလာ ဒဲကိုအား (၆-၂)၊ (၃-၆)၊ (၆-၄)ဖြင့် အရေးနိမ့်ခဲ့သည်။ ရှရာပိုဗာသည် ဒဏ်ရာ ပြဿနာများကြောင့် ယခင် ဂရင်းဆလင်း ပြိုင်ပွဲကြီး အချို့တွင် ပါ၀င်ခွင့် မရခဲ့ဘဲ ယခုပွဲတွင်လည်း နိုင်ခြေအဆင့် (၂၄)သာ သတ်မှတ် ခံထားရသည်။

သူမအား အနိုင်ရသွားသူ ဒဲလ်ကိုမှာ အဆင့်(၄၅)သာ ရှိကြောင်းလည်း သိရသည်။ ဒဲလ်ကို၏ ကစားအားကို သူမ အနေနှင့် ချီးကျူးပါကြောင်း ရှရာပိုဗာက ပြောကြားသွားခဲ့သည်။ သူမသည် ၀င်ဘယ်ဒန် ပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိနိုင်ရေး မျှော်လင့်ခဲ့သော်လည်း ယခုလို ဒုတိယအဆင့်မှ ထွက်ခဲ့ရသည့်အတွက် စိတ်ပျက်မိကြောင်းလည်း ရှရာပိုဗာ ကဆိုသည်။

ယခုပွဲ၏ Final Set တွင် Double Fault (၇)ကြိမ် ဖြစ်ရလောက်အောင် အမှားအယွင်း များခဲ့သော ရှရာပိုဗာက သူမအနေနှင့် အကောင်းဆုံး လက်စွမ်း မရခဲ့ကြောင်း ၀န်ခံခဲ့သည်။ ဒဲလ်ကို ကမူ ရှရာပိုဗာ ကဲ့သို့ နာမည်ကျော်တစ်ဦးနှင့် ယှဉ်ပြိုင်ရသည့်အတွက် စိတ်လှုပ်ရှားမိသော်လည်း အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းပြီး ကြိုးစား ကစားခဲ့ကြောင်း ပွဲအပြီးတွင် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here