ကမ္ဘာ့ ဂီတလောကတွင် တနှစ်တာ ဝင်ငွေအကောင်းဆုံး ပေါ့(ပ်)ဘုရင်မ မက်ဒေါနား

alt

ဂီတလောက မှ အနုပညာရှင်များ အနက် မက်ဒေါနား သည် ကမာ္ဘပေါ်တွင် တနှစ်တာ အတွက် ၀င်ငွေ အကောင်းဆုံးဖြစ်ကြောင်း သိရသည်။

4 Minutes အဆိုတော်သည် အမေရိကန် Forbes မဂ္ဂဇင်းမှ ကောက်ယူရရှိသော စစ်တမ်းတွင် ပြီးခဲ့သောနှစ် အတွင်း ပေါင်စတာလင် (၇၃)သန်းမျှ ရရှိခဲ့သောကြောင့် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည်။ အဓိကအားဖြင့် သူမ၏ Sticky & Sweets ကမာ္ဘလှည့် ဖျော်ဖြေပွဲ အစီအစဉ်ကြောင့် ၀င်ငွေ ကောင်းခဲ့ခြင်း ဖြစ်ကြောင်း Forbes က ဆိုသည်။

ဆီလင်း ဒီယွန်းက ပေါင် (၆၆)သန်းဖြင့် ဒုတိယ နေရာချိတ်ကာ ဘီယွန်းဆေး ကမူ တတိယ နေရာတွင် ပေါင် (၅၈)သန်းဖြင့် ရပ်တည်နိုင်ခဲ့သည်။ Forbes ၏ တနှစ်တာ အတွက် ၀င်ငွေအကောင်းဆုံး အဆိုတော်များ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ၁။ မက်ဒေါနား – ပေါင်(၇၃)သန်း
  • ၂။ ဆီလင်းဒီယွန်း – ပေါင်(၆၆)သန်း
  • ၃။ ဘီယွန်းဆေး – ပေါင်(၅၈)သန်း
  • ၄။ ဘရုစပရင်းစတင်း – ပေါင်(၄၆)သန်း
  • ၅။ ကန်နီချက်စနီ – ပေါင်(၄၃)သန်း
  • ၆။ ကိုးပလေး – ပေါင်(၄၀)သန်း
  • ၆။ ရက်စကယ်ဖလက် – ပေါင်(၄၀)သန်း
  • ၆။ အေစီ/ဒီစီ – ပေါင်(၄၀)သန်း
  • ၉။ အီးဂဲစ် – ပေါင်(၃၆)သန်း
  • ၁၀။ တိုဘီကိတ် – ပေါင်(၃၄)သန်း

LEAVE A REPLY

Please enter your comment!
Please enter your name here