ငါးမျှားတံဖြင့် ငါးဖမ်း စံချိန်တင်နိုင်ခဲ့သူ ဗြိတိန်နိုင်ငံသား

alt

ဗြိတိန်နိုင်ငံမှ ငါးဖမ်းသူ တစ်ဦး သည် ငါးမျှားတံ ဖြင့် ဖမ်းဆီး နိုင်ခဲ့သော ငါးများ အနက် စံချိန်တင် အရွယ်အစားရှိသော ငါးကြီး တစ်ကောင်ကို ဖမ်းဆီး ရမိ ခဲ့ကြောင်း သိရ သည်။

ဂျိုးဝယ်ဒစ် သည် အများအားဖြင့် ညစာ အတွက် (၃) ပေအရွယ် ပိုလော့ ငါးများကိုသာ ဖမ်းဆီး ခဲ့ဖူးသော်လည်း ယခုအခါ (၁၂) ပေ၊ (၉) လက်မ အရှည်ရှိပြီး (၁၀၅၆) ပေါင်လေးသော ငါးမန်းကြီး တစ်ကောင်ကို ငါးမျှားတံဖြင့် ဖမ်းဆီး ရမိခဲ့သည်။

၎င်းသည် အိုင်ယာလန် ကမ်းခြေသို့ ငါးဖမ်းခရီး ထွက်သွားပြီး အပြန်တွင် ထိုငါးကြီး အား ဂုဏ်ယူစွာ သယ်ဆောင် လာနိုင်ခဲ့သည်။ အသက်(၇၀) ရှိပြီ ဖြစ်သော ၀ယ်ဒစ်က ထိုငါးကြီး အား ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ရကြောင်း ၀န်ခံ ခဲ့သည်။ ထိုငါးကြီး အား ဖမ်းဆီး ခဲ့ရသော အချိန်သည် (၃၅) မိနစ် မျှကြာပြီး သူတင် ကိုယ်တင် အသက်လုပွဲ ဆင်နွှဲခဲ့ရကြောင်း ၀ယ်ဒစ်က ပြောပြ သွားခဲ့သည်။

ငါးကြီး ကို ရုတ်တရတ် မြင်လိုက်ချိန်တွင် အလွန် ကြီးမားသော သတ္တဝါဆိုးကြီး တစ်ကောင်ဟု ပင် ထင်မှတ် လိုက်မိကြောင်း ၀ယ်ဒစ် က ဆိုသည်။

ငါးကြီးကို အရှင် ဖမ်းယူ လာနိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းအနေ နှင့် စံချိန် မှတ်ရန်သာ ကုန်းပေါ် တင်လာခဲ့ပြီး ရေထဲသို့ ပြန်လွှတ် ရန် စဉ်းစား ထားကြောင်းလည်း ၀ယ်ဒစ် က ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here