Mozilla FireFox ဗားရှင်း အသစ်ထုတ်ဝေ

alt

Mozilla ကုမ္မဏီက Web Browser လောက တွင် ယှဉ်ပြိုင်မှု ပြင်းထန် လာသည့် အနေအထား ကို တုန့်ပြန်ပြီး ၎င်းတို့၏ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းရန်

Firefox Browser ၏ Version အသစ်ကို ဇွန်လ (၂၅)ရက် နေ့က ထုတ်ဝေ လိုက်သည်။

Firefox 3.5rc3 သည် ယခင် Version အဟောင်း များထက် မြန်နှုန်း မြင့်လာကြောင်း Mozilla က ပြောဆိုခဲ့ပြီး အောက်ပါ Feature များ ထပ်ဖြည့် ထားကြောင်း ကြေညာ လိုက်သည်။

 

  • Browser ကို အသုံးပြုသူများသည် ဘာသာစကား (၇၀) အထိ ရွေးချယ်သုံးစွဲခွင့် ရရှိလာသည်။
  • Privacy ကို ထိန်းချုပ်ရန် Tool များအား အဆင့်မြှင့်တင်ထားပြီး Private Browsing Mode တစ်ခု ထည့်သွင်း ပေးထားသည်။
  • Trace Monkey JavaScript အင်ဂျင်သစ်ကို အသုံးပြုထားသဖြင့် လုပ်ဆောင်ချက်ပိုင်း ပိုမို ကောင်းမွန် လာသလို Stability အပိုင်းတွင်လည်း ပိုမို တည်ငြိမ်လာသည်။
  • Location Aware Browsing စနစ်ကို အသုံးပြုပြီး Geolocation များကို ရှာဖွေနိုင်သည့် စွမ်းရည်ကို ခံစားနိုင်မည် ဖြစ်သည်။
  • HTML5 မှ အသံပိုင်းနှင့် ရုပ်ပိုင်းများ၊ Font စာလုံး အသစ်များ Dpwnload လုပ်ခြင်းများ၊ CSS ၏ လုပ်ဆောင်မှု အသစ်များ၊ HTML5 offline Data Storage များကဲ့သို့ ၀ဘ်နည်းပညာ အသစ်များနှင့် လိုက်လျောညီထွေ ကိုက်ညီအောင် ဆောင်ရွက်ထားသည်။
  • Native JSON ကိုလည်း ထောက်ပံ့ ပေးနိုင်သည်။
  • Gecko Layout အင်ဂျင်အတွက် အဆင် ့မြှင့်တင်မှုများ ပြုလုပ်ထားပြီး Content rendering ကဲ့သို့ လုပ်ဆောင်မှုများတွင် မြန်နှုန်း ပိုမြင့်လားသည်။

Mozilla က အဆိုပါ Browser များကို Windows OS များအတွက် အဓိက ထုတ်လုပ်ထားကြောင်း ပြောကြားခဲ့ပြီး Mac နှင့် Linux တို့အတွက်လည်း Download လုပ်နိုင်သည့်တိုင် File အရွယ်အစား ပိုကြီးမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here